သတ္တိ

April 9, 2021

ဆန္ဒပြပြည်သူများ၏ သတ္တိနှင့်ဂုဏ်သိက္ခာကို လေးစားကြောင်း သံအမတ်ကြီးများ ပူးတွဲကြေညာ

လွတ်လပ်သော၊ တရားမျှတသော၊ ငြိမ်းချမ်းသော ဒီမိုကရက်တစ်မြန်မာနိုင်ငံတော်ကို ယုံကြည်သူအားလုံးရဲ့ မျှော်လင့်ချက်၊ ယုံကြည်မှုတွေကို ထောက်ပံ့ကူညီဖို့ အတူတကွရပ်တည် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေက ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံအခြေစိုက် ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံ တွေ ဖြစ်ကြတဲ့ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ နယူးဇီလန်၊ ‌နော်‌ဝေး၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်၊ အမေရိကန်ပြည်ထောင်စုတို့က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီမိုကရက်တစ်အခွင့်အရေး၊ လွတ်လပ်မှုတွေအတွက် ဆန္ဒပြရင်း ကလေးငယ်တွေအပါဝင် အများအပြား အသတ်ခံခဲ့ရသလို လူပေါင်း‌ထောင်ချီပြီး ဒဏ်ရာရကြတာ အဖမ်းခံရတာတွေရှိကြောင်း သူတို့ရဲ့ သတ္တိနဲ့ဂုဏ်သိက္ခာတို့ကို ကျွန်ုလေးစားရိုကျိုးမိတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့  အကြမ်းဖက်မှုတွေရပ်ကို ရပ်တန့်ဖို့ နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ရဖို့ ဒီမိုကရေစီ ကို ပြန်လည်ဖော်ဆောင်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

1 month Ago
Up