သတ္တမမြောက်အများဆုံးနိုင်ငံ

May 5, 2020

COVID-19 အတည်ပြုလူနာဦးရေ သတ္တမမြောက်အများဆုံးနိုင်ငံ ရုရှား ဖြစ်လာ

ရုရှားနိုင်ငံမှာ မေ ၄ ရက် တနေ့တည်းမှာပဲ COVID-19 ကူးစက်ခံ အတည်ပြုလူနာဦးရေဟာ ၁၀,၅၈၁ ဦးရှိခဲ့ပြီး စံချိန်သစ်တင်ခဲ့တယ်လို့ ရိုက်တာသတင်းက မေ ၅ ရက်မှာ ဖော်ပြပါတယ်။  မော်စကိုတိုင်းမ် သတင်းစာကလည်း ရုရှားဟာ တရုတ်၊ တူရကီနဲ့ အီရန်တို့ကို ကျော်လွန်ခဲ့ပြီး COVID-19 ကူးစက်ခံ အတည်ပြုလူနာဦးရေ အများဆုံး ကမ္ဘာ့နိုင်ငံတွေထဲက သတ္တမနေရာ ရောက်ခဲ့ပြီလို့ ရေးထားပါတယ်။ ရုရှားမှာ ဝန်ကြီးချုပ် မီခေးလ်မီရှုစတင်ဟာ ပြီးခဲ့တဲ့အပတ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး သမ္မတပူတင်ကလည်း တနိုင်ငံလုံး အသွားအလာ ကန့်သတ် လော့ဒေါင်းချထားမှုကို မေ ၁၁ အထိ တိုးချဲ့ သတ်မှတ်ထားခဲ့ပါတယ်။ ရုရှားမှာ မေ ၄ ရက်အထိ ဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြုလူနာ ဦးရေဟာ ၁၄၅,၂၆၈ ဦးရှိပြီး သေဆုံးသူကတော့ ၁,၃၅၆ ဦးရှိပြီလို့ ရိုက်တာသတင်းက  ရေးသားထားပါတယ်။
11 months Ago
Up