သတို့သားကို အဝတ်ချွတ်၍

April 1, 2018

သတို့သားကို အဝတ်ချွတ်၍ မြေတူးစက်ပေါ်ချိတ်ပြီး ပစ္စည်းများဖြင့်ပစ်သည့်ရုပ်သံ ရေပန်းစား

တရုတ်နိုင်ငံ ရှီဂျွမ်းမြို့က ဟိုတယ်ရှေ့မှာ အသစ်စက်စက် သတို့သားလောင်းကို အဝတ်တွေချွတ်ပြီး ဘောင်းဘီတိုလေးတထည်နဲ့ ဆောက်လုပ်ရေး မြေတူးစက်ပေါ်မှာ ချိတ်ဆွဲထားပြီး ပစ္စည်းတွေနဲ့ ပစ်ပေါက် ဟာသလုပ်ခဲ့တဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ လူ ၂ သန်းကျော် ကြည့်ရှုတဲ့ ရုပ်သံထဲမှာ သတို့သားကို အဝတ်တွေချွတ်၊ ဘောင်းဘီတိုလေး တထည်သာ ဝတ်စေကာ ကြိုးနဲ့ချည်ပြီး ဆောက်လုပ်ရေးက မြေတူးစက်မှာ တွဲလောင်းချထားပေမယ့် အမျိုးသားက ရယ်မောနေပုံက သူ့ရှေ့လမ်းပေါ်ကနေ လူတွေ ကြည့်နေတာက ပျော်စရာ ဖြစ်နေပုံရပါတယ်။ သူငယ်ချင်းတွေက ကြက်ဥ အစိမ်းတွေ ရေပြွတ်တွေနဲ့ သူ့ကို ပစ်ပေါက်နေပြီး ဒီလို မင်္ဂလာဆောင်မှာ လုပ်တဲ့ နောက်ပြောင်မှုက မင်္ဂလာမဆောင်ခင်နေ့နဲ့ မင်္ဂလာဆောင်မယ့် မနက်မှာတောင် ရုန်းကန်ရမယ့် အထိမ်းအမှတ်လို့ အဓိပ္ပာယ်ရတဲ့ ရိုးရာအခမ်းအနားအဖြစ် ကျင်းပတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ အချို့နေရာတွေမှာတော့ ကံမကောင်းမှုအဖြစ် စဉ်းစားလို့ မိသားစုဝင်တွေ ရင်းနှီးတဲ့ သူငယ်ချင်းတွေကို နောက်ပြောင်ခွင့် မပေးဘူးလို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ အဓိကမြို့တွေဖြစ်တဲ့ ဘေဂျင်းနဲ့ ရှန်ဟိုင်းတို့လို မြို့ကြီးတွေမှာတော့ ဒီလိုနောက်ပြောင်မှုမျိုး တွေ့ရခဲတယ်လို့ မေရာသတင်းမှာ မတ်လ ၃၀ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up