သတို့သား

July 31, 2018

ဗီယက်နမ်တွင် ကားတိုက်မှုကြောင့် မင်္ဂလာဆောင်မည့် သတို့သား အပါအဝင် ၁၃ ဦး သေဆုံး

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကွမ်နမ်ပြည်နယ်မှာ ဇူလိုင် ၃၀ ရက်နေ့ မနက်အစောပိုင်းက မင်္ဂလာပွဲ ကျင်းပမယ့်သူတွေကို တင်ဆောင်လာတဲ့ ကားတစီးနဲ့ ကွန်တိန်နာယာဉ်တစီးတို့ ခေါင်းချင်းဆိုင် တိုက်မိတာကြောင့် သတို့သားအပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီကားပေါ်မှာ လူ ၁၇ ဦး လိုက်ပါလာခဲ့ပြီး အခင်းဖြစ်နေရာမှာ လူ ၁၀ ဦး သေဆုံးကာ ကျန် ၃ ဦးကတော့ ဆေးရုံပို့တဲ့လမ်းမှာ သေဆုံးခဲ့ပါတယ်။ အသက်ရှင်ကျန်သူ ၄ ဦးဟာလည်း အခြေအနေ စိုးရိမ်ရပြီး အဲဒီထဲမှာ ၆ နှစ်အရွယ် ကလေး ၂ ဦး ပါဝင်ပါတယ်။ သတို့သားမိသားစုဟာ မိုင် ၂၈၀ အကွာ ဘင်ဇင်မြို့က သတို့သမီးအိမ်ကိုအသွား အခုလို ကားတိုက်မှု ဖြစ်ခဲ့တာပါ။ အဲဒီမြို့မှာ မင်္ဂလာပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဗွီအိုအေသတင်းအရ သိရပါတယ်။
3 years Ago
Up