သတို့သမီး

May 7, 2018

မင်္ဂလာဆောင်မည့် သတို့သမီး စီးနင်းလာသည့် ရဟတ်ယာဉ် ပျက်ကျ

ဘရာဇီးနိုင်ငံမှာ မင်္ဂလာဆောင်ကို ရဟတ်ယာဉ်နဲ့လာတဲ့ သတို့သမီးဟာ ဧည့်သည်တွေရှေ့ ရဟတ်ယာဉ် ပျက်ကျခဲ့ပေမယ့် ကံကောင်းစွာနဲ့ပဲ အသက်အန္တရာယ် မထိခိုက်၊ ဒဏ်ရာမရဘဲ လွတ်မြောက်လာတယ်လို့ သိရပါတယ်။ မင်္ဂလာဆောင်ကိုတော့ စီစဉ်ထားတဲ့အတိုင်း ဆက်ကျင်းပခဲ့ကြတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ရုပ်သံဖိုင်ထဲမှာ မေလ ၅ ရက်နေ့က ဆော်ပေါ်လိုမြို့မြောက်ပိုင်း စပျစ်ခြံတခုထဲ မင်္ဂလာဆောင် ကျင်းပရာနေရာ အလယ်ခေါင်ကို ရဟတ်ယာဉ်တစီး ပျက်ကျ မီးလောင်နေတာ မြင်ရပြီး ရဟတ်ယာဉ်ပျက်ကျချိန်မှာ သတို့သမီးနဲ့ လေယာဉ်မှူး အပါအဝင် ရဟတ်ယာဉ်ပေါ်မှာ လူ ၄ ဦး ပါတယ်လို့ ဘရာဇီး ဂလိုဘိုသတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ရဟတ်ယာဉ်ပေါ်က လူအားလုံး အသေးစားဒဏ်ရာ ရတယ်လို့ မီးသတ်ဌာနက ပြောလိုက်ပြီး မင်္ဂလာဆောင်လာတဲ့ ဧည့်သည်တွေက ရဟတ်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ မြေပြင်ပေါ် မဆိုက်ရောက်ခင် ပျက်ကျလာတယ်လို့ ပြောပါတယ်။ စီးနင်းလိုက်ပါသူအားလုံးကတော့ ရဟတ်ယာဉ် မီးမလောင်ခင်မှာပဲ ထွက်လာနိုင်ခဲ့ကြတာပါ။ ဒီလိုမတော်တဆ ဖြစ်ခဲ့ပေမယ့် သတို့သားနဲ့ သတို့သမီးက မင်္ဂလာဆောင်ကို ဆက်လက်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ မင်္ဂလာပွဲအတွင်း ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေထဲ မင်္ဂလာဆောင်လာ ဧည့်သည်တွေနဲ့ မီတာအနည်းငယ်အကွာမှာ မီလောင်ထားတဲ့ ရဟတ်ယာဉ် အပျက်အစီးပုံကိုလည်း တွေ့မြင်ရတယ်လို့ မေရာသတင်းက ဖော်ပြထားပါတယ်။
3 years Ago
Up