သတိပေးချက်

A d v e r t i s e m e n t With Us

September 6, 2020

တိုက်ဖုန်းဟိုင်ရှန်သတိပေးချက် ဂျပန်အစိုးရထုတ်ပြန်

ဂျပန်ကျွန်းမကြီးတောင်ပိုင်းကို တိုက်ဖုန်းဟိုင်ရှန် ဝင်ရောက်တိုက်ခတ်ဖို့ နီးကပ်လာလို့ လူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက စက်တင်ဘာ ၆ ရက်မှာ အကြံပြုထား ပါတယ်။ မုန်တိုင်းဒီရေ အကြီးအကျယ် တက်ဖို့ရှိသလို လှိုင်းကြီးလေပြင်းပြီး စံချိန်တင်မိုးရွာ နိုင်တယ်လို့လည်း သတိပေးထားပါတယ်။  နိုင်ငံတောင်ပိုင်းက အိုခိနာဝါ၊ ခါ့ဂိုးရှိမ၊ ခုမါ့မိုတိုနဲ့နာဂါဆာကီခရိုင်တွေက အိမ်ထောင်စု ၁ သိန်းကျော်ကို ဘေးလွတ်ရာစောစော ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားတယ်လို့ မီးသတ်နဲ့ကပ်ဘေးစီမံရေးဌာနက ပြောပါတယ်။  တိုက်ဖုန်းမုန်တိုင်းဟာ စက်တင်ဘာ ၇ ရက်မှာ ၁ နာရီ လေတိုက်နှုန်း ၁၅၇ မိုင်နဲ့ တိုက်ခတ် နိုင်တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။  တိုက်ဖုန်းမုန်တိုင်း ဟိုင်ရှန် နီးကပ်လာနေလို့ အာမာမိဒေသကမ်းရိုးတန်းမှာ စတိုးဆိုင်တွေ ပိတ်ထားရပြီး လေပြင်းတိုက် လှိုင်းကြီး နေပုံကို ဒေသခံရုပ်သံက ထုတ်လွှင့်ပြသပါတယ်။  အာမာမိအိုရှိမကျွန်းပေါ်မှာ အိမ်ခြေ ၈၀၀၀ နဲ့ အိုခိနာ့ဝါ့ကျွန်းပေါ်က အိမ်ခြေ ၃၀၀၀ လောက် မုန်တိုင်းကြောင့် လျှပ်စစ်မီးမရှိဘဲ နေရတယ်လို့ NHK ရုပ်သံက ကြေညာပါတယ်။  တိုက်ဖုန်းမေဆက်က စက်တင်ဘာ ၃ ရက်မှာ ကိုရီးယားကျွန်းဆွယ်ကို ဝင်ရောက် တိုက်ခတ်ခဲ့လို့ လူ ၂ ယောက်ထက် မနည်းသေဆုံးပြီး ရက်ပိုင်းအတွင်း တိုက်ဖုန်းဟိုင်ရှန်က ထပ် တိုက်ခတ်တာလည်း ဖြစ်ပါတယ်။  
6 months Ago

December 16, 2019

သြစတြေးလျတောမီး နေအိမ်များကူးစက်နိုင်သဖြင့် သတိပေးချက်ထုတ်

သြစတြေးလျနိုင်ငံရဲ့တောမီးလောင်မှုအခြေအနေဟာ နိုင်ငံအရှေ့ပိုင်းနဲ့ အနောက်ပိုင်း ကမ်းရိုးတန်းဒေသတွေက နေအိမ်တွေဆီ ကူးစက်နိုင်တဲ့ အန္တရာယ်မြင့်တက်နေတာကြောင့် ဒီဇင်ဘာ ၁၅ ရက်မှာ အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက နယူးဆောက်ဝေးပြည်နယ် အရှေ့ဘက်ကမ်းရိုးတန်း တိုမာတောင်တန်းနားမှာ တောမီးကူးစက်လို့ နေအိမ်တော်တော်များများ ပျက်စီးခဲ့တယ်လို့ ABC သြစတြေးလျရုပ်သံမီဒီယာက ဖော်ပြပါတယ်။ သြစတြေးလျနိုင်ငံ အရှေ့ပိုင်းတလျှောက် အပူလှိုင်းဖြတ်နေတာကြောင့် အခုသီတင်း ပတ်အတွင်း တောမီးလောင်မှုအခြေအနေ ပိုပြင်းထန်လာနိုင်တယ်လို့ ခန့်မှန်းထားကြ ပါတယ်။ ဒါ့အပြင် သြစတြေးလျအနောက်ပိုင်းမှာ မီးသတ်သမားအယောက် ၄၀၀ ကျော်ဟာ ပါဖ့်သ်မြို့က ဧရိယာဟတ်တာ တသောင်းတထောင်ကျယ်တဲ့ မီးလောင်ပြင်တခုကို ငြှိမ်းသတ်နေကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ နိုဝင်ဘာလကတည်းက သြစတြေးလျအရှေ့ဘက်ကမ်းရိုးတန်းတလျှောက် ဧရိယာ ဟတ်တာ ၁ သန်းလောက် တောမီးလောင်ခဲ့လို့ နေအိမ် ၄၀၀ ကျော် ပျက်စီးခဲ့တဲ့အပြင် လူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ သြစတြေးလျရဲ့ ပူပြင်းလှတဲ့ နွေရာသီမှာ တောမီးလောင်တာ  ဖြစ်လေ့ရှိပေမယ့် ပြီးခဲ့တဲ့လက တောင်ကမ္ဘာခြမ်းမှာ တောမီး စောစီးစွာ လောင်ကျွမ်းမှုနဲ့ ပြင်းထန်မှုဟာ  မကြုံစဖူး အခြေအနေ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ဟာ သြစတြေးလျကို  ပိုမို ခြောက်သွေ့စေတယ်လို့ ပြောထားပါတယ်။ 
1 year Ago
Up