သတိထားသင့် (ရုပ်သံ)

June 4, 2017

လမ်းပေါ် တယ်လီဖုန်းပွတ်ပြီး လမ်းလျှောက်သူများ သတိထားသင့် (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့ဖက် ဂျန်းဇုခရိုင်ရဲ့ မြို့တော် နန်ကျင်းမှာ ပလက်ဖောင်းပေါ် ဖုန်းပွတ် လမ်းလျှောက်နေတဲ့ အမျိုးသားကို မြို့ပတ်ရထား တိုက်မှု ဖြစ်သွားတယ်လို့ စီဂျီတီအန်သတင်းမှာ ဇွန် ၄ ရက်နေ့က ရေးထားပါတယ်။ အမျိုးသားက တဖက်လမ်းပေါ်ကနေ စီးလာတဲ့ အငှားယာဉ်တစီးပေါ်က ဆင်းလာပြီး သူ့ဖုန်းကို ပွတ်ကာ မြို့ပတ်ရထားပတ်လမ်းပေါ်ကနေ လမ်းဖြတ်ကူးလိုက်တာကို စာင့်ကြည့်ကင်မရာရဲ့ ရုပ်သံထဲမှာ မြင်ရပါတယ်။ ရထားက အမျိုးသားနဲ့ နီးကပ်လာချိန် ရထားမောင်းသူက ဘရိတ်ဖမ်းဖို့ အချိန်မမီတော့ပဲ ဒီလိုတိုက်မိသွားတာပါ။ ရုပ်သံထဲမှာလည်း အမျိုးသားရှေ့ကို ရထားကြီး ရုတ်တရက်ဝင်လာပြီး ဖြတ်တိုက်လိုက်ကာ အမျိုးသား မြင်ကွင်းထဲနေ ပျောက်သွားတာကို တွေ့မြင်ရပါတယ်။ အဲ့ဒီနောက် အမျိုးသားကို ဆေးရုံပို့ဆောင်လိုက်ပြီး ကံကောင်းစွာနဲ့ ဒဏ်ရာတွေပဲ ရရှိပြီး အသက်အန္တရာယ်မရှိဘူးလို့ သိရပါတယ်။ “ကံကောင်းလို့ မသေတယ်။ ဒီခေတ်မှာ လူတွေက ဖုန်းတွေအပေါ် သိပ်အာရုံစိုက်လွန်းတယ်။” ဆိုပြီး မှတ်ချက်ရေးသူတွေက အမျိုးမျိုး ဝေဖန်နေကြပါတယ်။
4 years Ago
Up