သတင်းအမှောင်ချမှု

April 4, 2021

သတင်းအမှောင်ချမှုကို ကျော်လွှားနိုင်ရန် မိုလိုတော့ပ်စာစဉ် စဖြန့်

စစ်အာဏာရှင်ရဲ့ဖိနှိပ်မှုနဲ့အတူ သတင်းအမှောင်ချတာ အင်တာနက်ဖြတ်တောက်တာ တွေဖြစ်ပေါ်နေတာကြောင့် လူထုလှုပ်ရှားမှုတွေနဲ့ အဆက်မပြတ်စေဖို့ လှုပ်ရှားမှု နည်းနာတွေ ကို  မျှဝေဖို့ဆိုပြီး မိုလိုတော့ပ်စာစဉ်ကို ဖြန့်ချိလိုက်တယ်လို့ အဲဒီစာစဉ်မှာ ဖော်ပြပါတယ်။ 

ဧပြီ ၁ ရက်က ဖြန့်ချိတဲ့ စာစဉ်တော့   ကျဆုံးသူရဲကောင်းတွေရဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ချိန်   နောက်ဆုံးပြောခဲ့တဲ့အကြောင်းတွေနဲ့ အမှတ်တရစကားတွေ၊ ကဗျာတွေ ၊ ဆောင်းပါးတွေပါဝင်ပါတယ်။

မိုလိုတော့ပ်စာစဉ်စာစဉ် - ၁ ၊ အမှတ် - ၁ ကို ဧပြီ ၁ ရက်မှစတင်ပြီး  ရန်ကုန်မြို့အနှံ့ ဖြန်န့်ချိနေတာဖြစ်ပြီး နယ်မြို့တွေက လွယ်ကူစွာ ကူးယူဖြန့်ချိနိုင်ဖို့လည်း မိုလိုတော့ဗ် - စာစဉ် ဖေ့ဘုတ်စာမျက်နှာကနေတဆင့်  ကူးယူဖြန့်ချိနိုင်တယ်လို့ ဆိုပါတယ်။ 

1 month Ago
Up