သတင်းသမားများ

September 28, 2020

သတင်းသမားများ မြို့နယ်ဖြတ်ကျော်သတင်းယူပါက အရေးယူခံရနိုင်ဟု ဝန်ကြီးဦးနိုင်ငံလင်းပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သတင်းသမားတွေ မြို့နယ်ဖြတ်ကျော်သတင်းယူပါက အရေးယူခံရနိုင်တယ်လို့  တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။  စက်တင်ဘာ ၂၇ ရက်နေ့ကစပြီး ရန်ကုန်မြို့အတွင်း ဖြတ်ကျော်သွားလာတာတွေကို လုံခြုံရေးကင်းလှည့် စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး  စတင်စစ်ဆေးဆောင်ရွက်နေတာပါ။ ရန်ကုန်တိုင်း ကိုဗစ်-၁၉ ကွယ်ထိန်းချုပ်ကုသရေးကော်မတီက မဖြစ်မနေလိုအပ်တဲ့ လုပ်ငန်းတွေဘဲ နယ်မြေဖြတ်ကျော်သွားလာခွင့်ပြုထားပါတယ်။ ဒီအခြေအနေမှာ ပြည်သူတွေကို သတင်းတင်ဆက်မယ့် သတင်းမီဒီယာသမားတွေ သွားလာခွင့်နဲ့ပတ်သက်ပြီး တိကျတဲ့ ညွှန်ကြားချက်၊ အမိန့်ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။ ရန်ကုန်တိုင်း ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးနိုင်ငံလင်းကတော့  “Work From Home ပဲ။ အပြင်ထွက်သတင်းယူရင် အရေးယူခံရနိုင်တယ်။ အဲဒီလိုပဲထင်တယ်ဗျ” လို့ ပြောပါတယ်။ စက်တင်ဘာ ၂၇ ရက်နေ့ ရန်ကုန်မြို့တွင်း မြို့နယ်ဖြတ်ကျော်သွားလာတာတွေကို စစ်ဆေးနေတဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တွေကတော့ သတင်းမီဒီယာသမားတွေကို လွတ်လပ်စွာသွားလာခွင့်ရှိမရှိ သေချာမသိဘူးလို့ ဆိုကြပါတယ်။ အင်းစိန်မြို့မရဲစခန်း၊ စခန်းမှူး၊ ဒုရဲမှူးတင်လတ်က “ဖြတ်သန်းသွားလာခွင့်က အဓိကကတော့ ကျနော်တို့က ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရတာပေါ့။ မီဒီယာသမားတွေ သွားလာခွင့်နဲ့ ပတ်သက်လို့ကတော့ ကျနော်တို့လည်း မပြောတတ်ဘူးဗျ။ ဘယ်အဖွဲ့ကသွားစေ။ ဘယ်အဖွဲ့က လွတ်စေဆိုတာက ကျနော်တို့ဌာနက လုပ်တာမဟုတ်ဘူး။ သက်ဆိုင်ရာဌာနကို မေးမှရမှာဗျ” လို့ ပြောပါတယ်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတာဝန်ရှိသူတွေကလည်း ကိုဗစ်ကာလမှာ သတင်းသမားတွေ သတင်းရယူခွင့်နဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို အကြံပြုစာပေးပို့ထားပေမယ့် အကျိုးအကြောင်း တုံ့ပြန်တာမရှိသေးပါဘူး။ တရားဝင်ခွင့်ပြုချက်မရသေးတဲ့အတွက် သတင်းသမားတွေ သတင်းရယူတဲ့နေရာမှာ သတိထားဖို့ လိုမယ်လို့ သတင်းမီဒီယာကောင်စီဝင်တွေက ပြောပါတယ်။  ဓာတ်ပုံ - ရွှေအင်းသားခင်မောင်ဝင်း
3 years Ago

August 16, 2020

ငြိမ်းချမ်းရေးညီလာခံတွင် သတင်းယူမည့် သတင်းသမားများကို ကိုဗစ်-၁၉ ဆေးစစ်

စတုတ္ထအကြိမ်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ အစည်းအဝေးမှာ  သတင်းယူခွင့်ရတဲ့ သတင်းသမားတွေကို ဒီနေ့မနက်က  နေပြည်တော်ရှိ စည်ပင်ရိပ်သာမှာ ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ ဆေးစစ်ဆေးမှု ပြုလုပ်ပါတယ်။ ညီလာခံကို သြဂုတ် ၁၉ ရက်မှ ၂၁ ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး သတင်းသမား ၂၇ ဦး သတင်းယူခွင့်ရရှိထားပါတယ်။ Photo - Kaung Mrat Naing / MPA
3 years Ago
Up