အီရန်နိုင်ငံက လုပ်ကြံခံခဲ့ရတဲ့ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီးကာဆမ်ဆူလေမာနီ ဘယ်ရောက်နေတယ်ဆိုတဲ့ သတင်းတွေကို အစ္စရေးနဲ့ အမေရိကန် ထောက်လှမ်းရေးတွေဆီ ပေးပို့ခဲ့တဲ့ အီရန်အမျိုးသားကို သေဒဏ်ချမှတ်လိုက်ပြီလို့ အီရန် တရားရေးဌာနက ဇွန် ၉ ရက်မှာ ပြောပါတယ်။
ဇန်နဝါရီ ၃ ရက်က အမေရိကန် ဒရုန်းယာဉ်တစီး အီရတ်နိုင်ငံထဲမှာ တိုက်ခိုက်လို့ အီရန်ရဲ့ ကာ့ဒ်စ် တပ်အကြီးအကဲ ဆူလေမာနီ သေဆုံးခဲ့ပါတယ်။
ဒေသတွင်း အမေရိကန်တပ်တွေကို အီရန်နဲ့ မိတ်ဘက်ပြုထားတဲ့ ပြည်သူ့စစ်တွေရဲ့ တိုက်ခိုက်မှု နောက်ကွယ်မှာ အကွက်ချ ကြံစည်စီစဉ်သူအဖြစ် ဆူလေမာနီကို အမေရိကန်က အပြစ်တင်ထားပါတယ်။
“ဆေးယတ်မာမွတ်မောင်ဆာယီမာဂျစ်ဒ်ဟာ လုံခြုံရေးသတင်းအချက်အလက်တွေကို အစ္စရေးရဲ့ မော့ဆက်နဲ့ရော အမေရိကန် စီအိုင်အေနဲ့ပါ အဆက်အသွယ် ပေးပို့ခဲ့တယ်။ သူ့ကို စစ်ခုံရုံးကနေ သေဒဏ်ပေးပြီးပြီ” လို့ တရားရေးပြောခွင့်ရက ရုပ်သံသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆူလေမာနီ သေဆုံးမှုဟာ အီရန်နဲ့ အမေရိကန်ကြား ထိပ်တိုက်တွေ့မှု အထွတ်အထိပ်ထိ ရောက်ခဲ့တာပါ။
အီရန်က အီရတ်နိုင်ငံထဲက လေတပ်အခြေစိုက်စခန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ရင်း လူစုခွဲခဲ့ပါတယ်။ နာရီချီကြာအပြီး နောက်ပိုင်းမှာ အီရန်တပ်တွေက ယူကရိန်းခရီးသည်တင် လေယာဉ်ကို မှားယွင်း ပစ်ချမိခဲ့ပါတယ်။
9 months Ago