သတင်းထောက် သေဆုံးမှု

October 15, 2019

တူရကီလေကြောင်း တိုက်ခိုက်မှုအတွင်း သတင်းထောက်သေဆုံးမှု RSF ပြစ်တင်ရှုတ်ချ

သတင်းထောက်တဦး သေဆုံးခဲ့တဲ့ တူရကီလေကြောင်း တိုက်ခိုက်မှုကို နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF က  အောက်တိုဘာ ၁၄ ရက်နေ့မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဆီးရီးယားနိုင်ငံ၊ ရက်စ်အယ်အိန်နာမြို့က ယာဉ်တန်းတခုကို   တူရကီ လေကြောင်းက တိုက်ခိုက်တာကြောင့် အရပ်သား ၅ ယောက် အပါအဝင် ၁၄ ယောက် သေဆုံးတယ်လို့  ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောခဲ့ပါတယ်။  အောက်တိုဘာ  ၁၃ ရက်က ကမ်မီရှီလီမြို့ကနေ   ရက်စ်အယ်အိန်နာမြို့ ဆီ မောင်းနှင်လာတဲ့ ယာဉ်တန်းကို  လေကြောင်းကနေ တိုက်ခိုက်တာကြောင့် လူ ၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။ အဆိုပါယာဉ်တန်း တိုက်ခိုက်ခံရချိန်မှာ နိုင်ငံခြား သတင်းထောက် အများအပြားရှိနေတယ်လို့  France 2 သတင်းဌာန သတင်းထောက် တဦးက ပြောပါတယ်။ အဲဒီ တူရကီ လေကြောင်းတိုက်ခိုက်မှုကြောင့်  သတင်းထောက် တဦးသေဆုံးရတဲ့အပေါ်မှာ နယ်စည်းမထား သတင်းထောက်များအဖွဲ့က ပြစ်တင် ရှုတ်ချလိုက်တာပါ။ တူရကီလေကြောင်းတိုက်ခိုက်မှုကြောင့် ဟာဝါနယူးစ် ဒေသသတင်းအေဂျင်စီက  ဆာအက် အာမက်ဆိုသူ ကာ့ဒ်သတင်းထောက် တဦး သေဆုံးပြီး တခြားသတင်းထောက် ၄ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ သတင်းထောက်များအကာကွယ်ပေးရေး ကော်မတီ CPJ က သတင်းထုတ်ပြန်ခဲ့ပါတယ်။
2 years Ago
Up