ဘီလာရုစ်နိုင်ငံမှာ သမ္မတကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဖြိုခွင်းဖို့ ဆန္ဒပြသူတွေနဲ့ သတင်းထောက်တွေကို ရဲတွေက ဇွန် ၁၉ ညနေက ဖမ်းဆီးခဲ့ပါတယ်။
တိုင်းပြည်မတည်ငြိမ်အောင် နိုင်ငံခြားက အကွက်ချသူတွေက စီစဉ်နေတယ်လို့ သမ္မတက အပြစ်တင်အပြီး နာရီပိုင်းအတွင်း ခုလိုဖြိုခွင်းခဲ့တာပါ။
သမ္မတရွေးကောက်ပွဲအတွင်း သမ္မတရဲ့အဓိကပြိုင်ဘက် ဗစ်တာဘာဘာရီကို ထောင်ချခံရ အပြီး သူနဲ့သွေးစည်းကြောင်း ပြတဲ့အနေနဲ့ မင့်ခ်စ်မြို့တော်အလယ်မှာ ဆန္ဒပြသူတွေ ၂ ရက်ဆက်တိုက် ဆန္ဒပြခဲ့ပါတယ်။
အရှေ့ဥရောပနိုင်ငံ ဘီလာရုစ်တလွှား တခြားမြို့အတော်များများမှာလည်း ဆန္ဒပြခဲ့ကြပါတယ်။
လူခါရှန်ကိုဟာ တိုင်းပြည်ကို ၂၆ နှစ်ကြာ သံလက်သီးနဲ့ အုပ်ချုပ်ခဲ့တာပါ။ ခုတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ဘေးကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး စိတ်ပျက်နေကြချိန် စီးပွားရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေအပေါ် နာကျည်းချက်တွေပါ ပေါင်းဆုံလာလို့ သူအုပ်ချုပ်တဲ့ နှစ်တွေအတွင်း အကြီးဆုံး စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။
ရုရှားအစိုးရ ပြောခွင့်ရကတော့ ရုရှားဟာ ဘီလာရုစ်နိုင်ငံအရေးမှာ ဝင်စွက်ဖက်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။
၂ နိုင်ငံ သမ္မတတွေကြား ဖုန်းပြောခဲ့ပေမယ့် ဘာဘာရီကို အဖမ်းခံရတဲ့ကိစ္စကိုလည်း ရည်ညွှန်းတာ မလုပ်ခဲ့ပါဘူး။
ဘာဘာရီကိုဟာ ရုရှားရဲ့ ဂက်စ်ပရွန်ဘဏ်ခွဲ ဖြစ်တဲ့ ဘယ်လ်ဂါပရွန်ဘဏ် အကြီးအကဲဖြစ်ပြီး သူ့ဘဏ်ကိုလည်း အစိုးရအာဏာပိုင်တွေက ရာဇဝတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။
9 months Ago