သတင်းသမားများကို ပြည်သူသိရန် ခြိမ်းခြောက်ပြောသည့် နိုင်ငံတကာခေါင်းဆောင်များ စာရင်းတွင် ဦးသိန်းစိန်ပါဝင်

July 18, 2015

သတင်းသမားများကို ပြည်သူသိရန် ခြိမ်းခြောက်ပြောသည့် နိုင်ငံတကာခေါင်းဆောင်များ စာရင်းတွင် ဦးသိန်းစိန် ပါဝင်

သတင်းသမားတွေကို အများပြည်သူသိအောင် ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ စာရင်းထဲမှာ သမ္မတ ဦးသိန်းစိန်လည်း ပါဝင်ကြောင်း  နယ်စည်းမခြားသတင်းထောက်များအဖွဲ့ရဲ့ ဇူလိုင် ၁၇ ၇က်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း စာပေ ကင်ပေတိုင်လို့ခေါ်တဲ့ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနကို ဖျက်သိမ်းခဲ့ပေမယ့် ဒါဟာ သတင်းလွတ်လပ်ခွင့် အစစ်အမှန် မဟုတ်သေးကြောင်း၊ လက်ရှိသတင်းသမားတွေ တရားစွဲ၊ ဖမ်းဆီး၊ ထောင်ချတဲ့ ဖြစ်စဉ်တွေဟာ လွတ်လပ်စွာရေးသားခွင့်နဲ့ လွတ်လပ်စွာသတင်းရယူပိုင်ခွင့်မှာ စိုးရိမ်စရာရှိနေသေးကြောင်း မြန်မာ့မီဒီယာအသိုင်းအ၀ိုင်းက ဆိုထားပါတယ်။ ဒါကိုလည်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ထောက်ပြပြောဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာတော့ ပြည်တွင်းပြည်ပ သတင်းသမားတွေစုပေါင်းပြီး မီဒီယာလွတ်လပ်ခွင့်အတွက် စတင်ဆန္ဒပြ တောင်းဆိုလာခဲ့တာဟာ ၂၀၁၅ ခုနှစ်ထိ ဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်အထိ ဖမ်းဆီးထောင်ချ၊ တရားစွဲခံထားရတဲ့ သတင်းသမား ၅၀ ကျော်ရှိနေပါတယ်။
6 years Ago
Up