သတင်းလွတ်လပ်ခွင့် ရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သတင်းမီဒီယာ သမားတွေ စုပေါင်းပြီး ပုသိမ်မြို့မှာ ဒီကနေ့ နေ့လယ်က ဆန္ဒပြကြပါတယ်။
ဧရာဝတီတိုင်းအတွင်းက သတင်းမီဒီယာသမားတွေ အပါအဝင် ၆၆(ဃ)ကို အလိုမရှိတဲ့ ပြည်သူတွေ ပူးပေါင်းပြီး ပုသိမ်မြို့ ရွှေမုဋ္ဌောဘုရားက စတင်ကာ ရွှေစေတီလမ်း၊ ကုန်သည်လမ်း၊ မြေနုလမ်း၊ မင်းကြီးလမ်း နာရီစင်အဝိုင်းနဲ့ ကမ်းနားလမ်း မြို့တော်ခန်းမရှေ့အထိ သတင်းလွတ်လပ်ခွင့် ရရှိရေး၊ မီဒီယာဖိနှိပ်မှုရပ်၊ ၆၆(ဃ) အလိုမရှိ၊ ၆၆(ဃ)နဲ့ ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေ လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
သတင်းမီဒီယာတွေကို အရေးယူနိုင်တဲ့ သတင်းမီဒီယာဥပဒေ အပါအဝင် တည်ဆဲဥပဒေများစွာ ရှိပေမယ့် ချက်ချင်း ဖမ်းဆီးအရေးယူနိုင်တဲ့ ၆၆(ဃ) နဲ့ အရေးယူတာတွေဟာ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ပြီး မီဒီယာဖိနှိပ်မှု ဖြစ်တာကြောင့် မြန်မာနိုင်ငံအနှံ့က သတင်းမီဒီယာသမားတွေ ကန့်ကွက်နေကြတာပါ။
4 years Ago