သတင်းပညာ

May 4, 2018

မာလ်တီမီဒီယာ အကယ်ဒမီ သတင်းပညာ သင်တန်းဆင်းလက်မှတ် ချီးမြှင့် (ဓာတ်ပုံ)

ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်နဲ့ ဒီဗွီဘီ မာတီမီယာဂရု(ပ်)တို့ ပူးပေါင်း ဖွင့်လှစ်သင်ကြားပေးတဲ့ မာလ်တီမီဒီယာ အကယ်ဒမီ သတင်းပညာ သင်တန်းဆင်း လက်မှတ်ချီးမြှင့်ပွဲကို မေလ ၄ ရက်က ရန်ကုန်မြို့ရှိ နယူးဧရာဟိုတယ်မှာ ကျင်းပပါတယ်။ ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်တဲ့ ဒီသင်တန်းမှာ မြန်မာနိုင်ငံ ဒေသအသီးသီးက သင်တန်းသား၊ သင်တန်းသူတွေ တက်ရောက်ပြီး သတင်းပညာနဲ့ ပတ်သက်တဲ့ အတတ်ပညာတွေကို ၃ လကြာ လေ့လာသင်ကြားခဲ့ရတာပါ။ ဒီသင်တန်းမှာ သတင်းစာပညာ မိတ်ဆက်၊ စာနယ်ဇင်းသမိုင်းကြောင်း၊ လူထုဆက်သွယ်ရေးဆိုင်ရာ သီအိုရီ၊ အခြေခံရုပ်သံမီဒီယာ၊ ရုပ်သံမီဒီယာကျင့်ဝတ်နဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေကို အဓိက သင်ကြားပေးခဲ့တာပါ။   သင်တန်းပြီးမြောက်အောင်မြင်ပါက အသက်မွေးဝမ်းကျောင်းအဖြစ် သတင်းမီဒီယာလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်မှာဖြစ်ပြီး  သင်တန်းကြေးအဖြစ် အမေရိကန်ဒေါ်လာ ၂၀၀၀ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
3 years Ago
Up