နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့က ဆော်ဒီသံရုံးကို နိုဝင်ဘာ ၁၂ ရက်က အမည်မသိ တိုက်ခိုက်သူတွေက သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။
သေနတ် ပစ်ခတ်မှုဟာ မနက် ၆ နာရီ မထိုးခင်က ဖြစ်ခဲ့ပြီး ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဖမ်းဆီးထားတာ မရှိသေးဘူးလို့ ဒတ်ချ်ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒတ်ချ်ရုပ်သံက ထုတ်လွှင့်တဲ့ ဓာတ်ပုံတွေမှာ ဆော်ဒီသံရုံး ပြတင်းနဲ့ လိုက်ကာတွေမှာ ကျည်ပေါက်ရာတွေကို တွေ့ရပြီး လမ်းပေါ်မှာ ကျည်ခွံတွေ ကျနေတာကို တွေ့ရပါတယ်။
ဒေသခံ တစ်ဦးကတော့ ဒါဟာစိတ်တိုနေတဲ့ ဆော်ဒီ တစ်ဦး လက်ချက် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က သေနတ်ပစ်ခတ်တဲ့ ရည်ရွယ်ချက်ကို စုံစမ်းနေဆဲဖြစ်ပြီး ပစ်ခတ်သူ ဘယ်သူဆိုတာ သဲသဲကွဲကွဲ မသိသေးဘူးလို့ ပြောပါတယ်။
2 years Ago