သည်းထိတ်ရင်ဖို ကြိုးတန်းကျွမ်းဘားသမားသုံးဖော် ချန်ပီယံလုပွဲ

A d v e r t i s e m e n t With Us

March 31, 2016

သည်းထိတ်ရင်ဖို ကြိုးတန်းကျွမ်းဘားသမားသုံးဖော် ချန်ပီယံလုပွဲ (ရုပ်သံ)

စွန့်စားကျွမ်းဘားသမား ၃ ဦးရဲ့ စွမ်းရည်ပြ ကြိုးတန်းလမ်းလျှောက် ချန်ပီယံပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ချောင်ကျင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မတ်လ ၃၀ ရက်နေ့က ကျင်းပပါတယ်။ ဒီကစားပွဲမှာတော့ မြေပြင်ကနေ မီတာ ၃၀၀ အမြင့်မှာရှိတဲ့ ကြိုးတန်းပေါ်မှာ လမ်းလျှောက်ဖြတ်ကူးစွမ်းရည် ပြသကြရမှာ ဖြစ်ပါတယ်။ ဒီအဆင့်ကို ရောက်ရှိနိုင်ဖို့ သူတို့ဟာ အဆင့်ဆင့် ကြိုးပမ်းခဲ့ကြရပြီး နောက်ဆုံးမှာတော့ မတူညီတဲ့ နိုင်ငံ ၃ ခုက ကစားသမား ၃ ဦးသာ ကျန်ရှိနေတာပါ။ ပါဝင်ယှဉ်ပြိုင်ကြမယ့်သူ ၃ ဦးကတော့ တရုတ်နိုင်ငံမှ အိုက်ဆီကိုင်ရာ ၀ါဘူလိ ကာဆီမာ၊ ဆွစ်ဇာလန်နိုင်ငံမှ ဖရက်ဒီနော့ခ်နဲ့ အီတလီနိုင်ငံမှ မော်ရီဇီယို မောရစ်စ် ဇာဘက်တာတို့ ဖြစ်ကြပါတယ်။ သူတို့ ၃ ဦးဟာ ပြီးခဲ့တဲ့ပြိုင်ပွဲ အဆင့် ၃ ဆင့်မှာ အမြင့်မီတာ ၁၀၀ အကွာအဝေးကို ဖြတ်ကျော်ပြီး လက်ရှိအဆင့်ကို ရောက်လာခဲ့ကြတာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up