သစ်ပင်လဲကျ

August 8, 2019

ဗဟန်းမြို့နယ်တွင် တိုယိုတာကားတစီးပေါ် သစ်ပင်လဲကျ

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ၁ ရပ်ကွက်၊ မြဝတီ စက်သုံးဆီဆိုင်အနီးမှာ ဩဂုတ် ၇ ရက်နေ့က တိုယိုတာကားတစီးပေါ် သစ်ပင်လဲကျ ပိမိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း မောင်းနှင်လာတဲ့ Toyota Allion အမျိုးအစား ယာဉ်ပေါ်ကို လုံးပတ် ၆ ပေ၊ အမြင့် ၆၀ ပေလောက်ရှိ ကုက္ကိုပင်ဟာ မိုးရွာသွန်းတာကြောင့် ရေမြုပ်ပြီး အမြစ်မခိုင်ဘဲ လဲကျပိမိခဲ့တာလို့ ဆိုပါတယ်။ အနောက်ပိုင်းခရိုင် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးတို့က သွားရောက်ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဗဟန္းၿမိဳ႕နယ္တြင္ တိုယိုတာကားတစီးေပၚ သစ္ပင္လဲက် DVB ရန္ကုန္တိုင္း၊ ဗဟန္းၿမိဳ႕နယ္၊ ေ႐ႊေတာင္ၾကား ၁ ရပ္ကြက္၊ ျမဝတီ စက္သုံးဆီဆိုင္အနီးမွာ ဩဂုတ္ ၇ ရက္ေန႔က တိုယိုတာကားတစီးေပၚ သစ္ပင္လဲက် ပိမိခဲ့တယ္လို႔ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။ တကၠသိုလ္ရိပ္သာလမ္းအတိုင္း ေမာင္းႏွင္လာတဲ့ Toyota Allion အမ်ိဳးအစား ယာဥ္ေပၚကို လုံးပတ္ ၆ ေပ၊ အျမင့္ ၆၀ ေပေလာက္ရွိ ကုကၠိဳပင္ဟာ မိုး႐ြာသြန္းတာေၾကာင့္ ေရျမဳပ္ၿပီး အျမစ္မခိုင္ဘဲ လဲက်ပိမိခဲ့တာလို႔ ဆိုပါတယ္။ အေနာက္ပိုင္းခ႐ိုင္ မီးသတ္စခန္းမွ အုပ္ခ်ဳပ္မႈယာဥ္ ၁ စီး၊ စမ္းေခ်ာင္းၿမိဳ႕နယ္ မီးသတ္စခန္းမွ ရွာေဖြကယ္ဆယ္ေရးယာဥ္ ၁ စီး၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္ ၁၅ ဦး၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္ ၅ ဦးတို႔က သြားေရာက္ရွင္းလင္းေဆာင္႐ြက္ေပးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိမႈ မရွိဘူးလို႔ ထုတ္ျပန္ထားပါတယ္။
2 years Ago
Up