သစ်ပင်များလဲကျ

September 10, 2021

ညောင်ဦးမြို့နယ်တွင် သစ်ပင်များလဲကျပြီး မီးသတ်ချောင်းရေကျော်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံဒေသမှာ စက်တင်ဘာ ၉ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာ ၅ နေရာမှာ သစ်ပင်လဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမကြီးပေါ် အမှတ် (၃) ရပ်ကွက်၊ အောင်သပြေရပ်၊ အမှတ် (၄) ရပ်ကွက်၊ တိုက်ကုန်းရပ်၊ အမှတ် (၆) ရပ်ကွက်၊ အောင်မြေသာရပ်မှ နှစ်နေရာနဲ့ အမှတ် (၇) ရပ်ကွက်၊ ဝက်ကြီးအင်းရပ်၊ အလိုတော်ပြည့်ဘုရားအနီးတို့မှာ ကုက္ကိုင်ပင်၊ ဖျောက်ဆိပ်ပင်၊ ယင်းမာပင်၊ ထနောင်းပင် စတဲ့ အပင်တွေ လဲကျခဲ့တာ ဖြစ်ပါတယ်။

သစ်ပင်လဲရာ နေရာတွေကို ညောင်ဦးခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက် ရှင်းလင်းပေးခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက် ညပိုင်းက မီးသတ်ချောင်းရေ မြင့်တက်လာမှုကြောင့် မဏိစည်သူစျေးအနီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမရအောင်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၁၀ ရက်မှာ ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ပါတယ်။

အဲဒီချောင်းရေမြှင့်တက်မှုကြောင့် အနီးရှိ မီးသတ်စခန်းတွင်းနဲ့ နေအိမ်လိုင်းခန်းများအတွင်း ရေနဲ့ အမှိုက်များ ဝင်ရောက်လျှံတက်လာခဲ့မှုလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

2 years Ago
Up