သစ်ခိုး

May 20, 2021

ပုသိမ်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်အဖွဲ့ သစ်ခိုးထုတ်နေသည့်ပုံစံပြုလုပ် ဆန္ဒပြ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မေ ၂၀ ရက်နေ့ ညနေပိုင်းက လူငယ်တွေစုပေါင်းပြီး အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်နဲ့အဖွဲ့ အာဏာသိမ်းပြီးနောက်ပိုင်း သစ်ခိုးထုတ်နေတဲ့ ပုံစံငယ်ပြုလုပ်ကာ ဆန္ဒပြခဲ့ကြပါတယ်။

ပုသိမ်မြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဥ်ဆန္ဒပြခဲ့ကြပြီး မတ်လပိုင်းက စတင်ကာ စစ်ကောင်စီတပ်တွေ ရပ်ကွက်တွေထဲထိ တပ်စွဲပြီး ဖမ်းဆီးတာတွေ ရှိလာလို့ ပြောက်ကျားစနစ်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ပစ်သတ်ခံရသူ ၈ ဦးရှိကာ ဖမ်းဆီးခံရသူ ၆၀ ကျော်ထိရှိလာပြီဖြစ်ပါတယ်။

6 months Ago
Up