သစ် ၂၉၅ တန် ဖမ်းမိ

February 19, 2017

မြစ်ကြီးနား စွန်ပရာဘွန်လမ်းတွင် တရားမ၀င်သစ် ၂၉၅ တန် ဖမ်းမိ

ကချင်ပြည်နယ်၊ မြစ်ကြီးနား-စွန်ပရာဘွန်ကားလမ်းမှာ တရားမ၀င်သစ်တန်ချိန် ၂၉၅ တန်နဲ့ အတူ သစ်စက် ၂ လုံး၊ သစ်တင်ကား ၁၀ စီးနဲ့ တရားခံ ၁၃ ဦး ဖမ်းမိထားတယ်လို့ သစ်တောဌာနက သတင်းထုတ်ပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက် မနက် ၄ နာရီခွဲလောက်မှာ သစ်တောဝန်ထမ်းများအဖွဲ့က သတင်းအရ စောင့်ဆိုင်းဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ မြစ်ကြီးနား-စွန်ပရာဘွန်လမ်း မိုင်တိုင် ၈ အနီးမှာ ထွေလာဂျီ ၉ စီးနဲ့ တင်လာတဲ့ တရားမ၀င် ကြေးလန်သစ်ခွဲသား ၁၉ တန်လောက်ကို တရားခံ ၉ ဦးနဲ့ စတင်ဖမ်းမိခဲ့ပါတယ်။ အဲဒီနောက် သစ်တင်ကားတစီးမောင်လာတာတွေ့လို့ တားတဲ့အခါ ရပ်မပေးဘဲ မောင်းပြေးလို့ လိုက်ဖမ်းခဲ့ရာမှာ ကားပေါ်ပါ တရားမ၀င်ကြေးလန်သစ်ခွဲသား ၆ တန်နဲ့ တရားခံ ၂ ဦးကို ထပ် ဖမ်းမိခဲ့ပါတယ်။ ကားဖမ်းမိတဲ့ အနီးတ၀ိုက် လိုက်လံရှင်းလင်းခဲ့ရာမှာတော့ တရားမ၀င် သစ်စက် ၂ လုံး၊ တရားမ၀င်သစ်တန်ချိန် ၂၇၀ လောက်နဲ့ တရားခံ ၂ ဦးကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up