သစ်​ခွဲသားများ ဖမ်းမိ

March 25, 2017

ဝန်းသိုမြို့နယ်တွင် တရားမ၀င်​ကျွန်းသစ်​နှင့်​ သစ်​ခွဲသားများ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ၀န်းသိုမြို့နယ်၊ နန်းခမ်းကြိုးဝိုင်းနှင့် ညောင်ပင်သာ ကြိုးပြင်ကာကွယ်တောအတွင်း မတ်လ ၂၄ ရက်က တရားမ၀င် ကျွန်းသစ်၊ ကျွန်းခွဲသားတွေနဲ့ သစ်စက်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ကသာခရိုင် သစ်တောဦးစီးဋ္ဌာနမှလ/ထညွှန်ကြားရေးမှူး ဦးသောင်းနိုင်ခေါင်းဆောင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ ၀န်းသိုမြို့နယ်၊ နန်းခမ်းကြိုးဝိုင်းနဲ့ ညောင်ပင်သာ ကြိုးပြင်ကာကွယ်တောအတွင်း သတင်းအရ ၀င်ရောက်ရှာဖွေရာ တရားမ၀င် ကျွန်းသစ်လုံး၊ ကျွန်းခွဲသား ၃၀ ဒသမ ၅၅၃၂ တန်၊ သစ်စက် ၃ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့ပြီး ပိုင်ရှင်တွေ ထွက်ပြေးသွားလို့ ဖမ်းဆီးရမိနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကိုကျော်(အင်းတော်)
5 years Ago
Up