သစ်ခွ

September 23, 2018

ကိုလံဘီယာ ရုက္ခဗေဒဥယျာဉ်တွင် သစ်ခွမျိုးပေါင်း ထောင်ချီ ပြသ

ကိုလံဘီယာနိုင်ငံ၊ ဘိုကိုတာမြို့က ရုက္ခဗေဒဥယျာဉ်မှာ သစ်ခွပန်းအမျိုး ထောင်ချီ ပြသပွဲကို စက်တင်ဘာလ ၂ဝ ရက်ကစပြီး ဒီကနေ့အထိ ကျင်းပခဲ့ပါတယ်။ နှစ်စဉ်ကျင်းပတဲ့ ဒီပြပွဲကို ယဉ်ကျေးမှုနဲ့ ပညာရေးဆိုင်ရာ ပြပွဲတွေအပြင် ပန်းပွင့်နေတဲ့ သစ်ခွမျိုး ၃ဝဝဝ နီးပါးကိုလည်း ပြသထားပါတယ်။ သစ်ခွပန်းဟာ ကိုလံဘီယာနိုင်ငံရဲ့အမျိုးသားပန်းဖြစ်ပါတယ်။ ကိုလံဘီယာနိုင်ငံထဲမှာ သစ်ခွမျိုးစိတ်ပေါင်း ၄,၂၇ဝ အထိရှိပြီး ဒါဟာ ကမ္ဘာပေါ်မှာ သစ်ခွမျိုးစိတ်အများဆုံး နိုင်ငံလည်းဖြစ်တယ်လို့ ဘိုကိုတာ ရုက္ခဗေဒဥယျာဉ်ကပြောပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ ကမ္ဘာတစ်ဝှမ်းက သစ်ခွတွေကိုလည်း ပြသထားလို့ စိတ်ဝင်တစားနဲ့ ကြည့်ရှုသူ များပြားနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up