သင်္ဘောသား ၃ ဦး

August 30, 2020

ကော့သောင်းတွင် ပြည်ပပြန်လာသည့် သင်္ဘောသား ၃ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ Hotel Quarantine ဝင်နေသူ နေရပ်ပြန်သင်္ဘောသား ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ကော့သောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က ပြောပါတယ်။  သူတို့ ၃ ဦးဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သြဂုတ် ၃၀ ရက်နေ့ မနက် ၈ နာရီ ထုတ်ပြန်ချက်အရ လူနာအမှတ် ၇၄၇၊ ၇၄၈၊ ၇၄၉ တို့ဖြစ်ပြီး ပိုးတွေ့ရှိခဲ့သူတွေကိုတော့ ကော့သောင်းခရိုင်ဆေးရုံကြီးမှာ ဆေးကုသခံယူမယ်လို့ ဖော်ပြထားပါတယ်။  အခုပိုးတွေ့တဲ့ လူနာတွေဟာ သြဂုတ် ၁၇ ရက်နေ့နဲ့ ၁၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံတွေကနေ ပြန်ဝင်ရောက်လာတဲ့သူတွေလည်း ဖြစ်ပါတယ်။  အခုလက်ရှိမှာတော့ အဆိုပါပိုးတွေ့ လူနာတွေကို ခရိုင်ပြည်သူ့ဆေးရုံကြီး အထူးစောင့်ကြည့် ကုသဆောင်မှာ ထားရှိပြီး ကုသပေးသွားမှာဖြစ်ကာ လူနာတွေဟာ ပို့တွေ့ထားပေမဲ့ ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ပုံမှန်အတိုင်း ကျန်းမာရေး ကောင်းမွန်နေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။  လတ်ကိုကိုဦး
1 year Ago
Up