သင်္ဃန်းညီနောင်

August 28, 2021

မြဝတီ သင်္ဃန်းညီနောင်တွင် ရဲက အရပ်သား ၁ ဦးကို ပစ်သတ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သင်္ဃန်းညီနောင်မှာ  သြဂုတ် ၂၈ ရက်၊ ဒီနေ့မနက် ၁၁ နာရီလောက်က   စစ်ကောင်စီရဲတပ်ဖွဲ့က အရပ်သား ၁ ဦးကို ပစ်သတ်လိုက်တယ်လို့  မျက်မြင်တွေ့ တဲ့ ဒေသခံပြည်သူတွေက ပြောပါတယ်။

သင်္ဃန်းညီနောင် ကွက်သစ် ၇ လမ်းမှာ ၊ အရက်မှူးနေတဲ့ အရပ်သား ကိုအောင်သက်ထွန်း အသက် ၃၇ နှစ်ကို ဖမ်းဆီးဖို့ကြိုးစားစဉ် ရဲတပ်သားကို ပြန်လည်ခုခံတဲ့အတွက် ရဲတပ်ဖွဲ့က သေနတ်နဲ့  ၃ ချက်ပစ်ခတ်ရာမှာ သေဆုံးသွားတာလို့ ဆိုပါတယ်။ အဆိုပါပစ်ခတ်မှုကို မှုခင်းရဲ တပ်ဖွဲ့က စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ  ခုလို အရက်မှူးသမားကို ရဲက သေနတ်တဲ့ ပစ်သတ်တာ ပထမအကြိမ်ဖြစ်ပါတယ်။

မြဝတီမြို့မှာ ဒီကနေ့ မွန်းလွဲပိုင်းကလည်း ကြံ့ခိုင်ရေးပါတီရုံးရှေ့မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သြဂုတ် ၂၇ ရက်မနေ့ကလည်း ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

3 months Ago
Up