သင်္ဃန်းကျွန်း

June 18, 2021

သင်္ဃန်းကျွန်း ငမိုးရိပ်တွင် ဗုံးကွဲ စစ်သား ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ် ၅ လမ်းမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဇွန်လ ၁၈ ရက် ဒီနေ့ ညနေ ၆ နာရီခွဲကျော်က ဗုံးပေါက်ကွဲပြီး စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရလို့  လူနာတင်ကားနဲ့ခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရပ်သား ၁ ဦးလည်း ဒဏ်ရာရတယ်လို့ သိရသလို နောက်ထပ် စစ်သားတွေ ထပ်ရောက်လာပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပြီး အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။

Photo-CJ

4 months Ago

May 22, 2021

သင်္ဃန်းကျွန်းမြို့နယ် My Tel ကုမ္ပဏီရုံးခွဲရှေ့ ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ  BOC မှတ်တိုင်အနီး Mytel ကုမ္ပဏီရုံးခွဲရှေ့မှာ မေ ၂၂ ရက်နေ့ ညနေ ၃ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ သိရပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်း စစ်ကောင်စီ လုံခြုံရေး တပ်ဖွဲ့ဝင်များရောက်ရှိလာကာ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

ဒီပေါက်ကွဲမှုမတိုင်ခင်ကလည်း သုဝဏ္ဏအထက်တန်းကျောင်းရှေ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ကိုယ်ပိုင်ကားနဲ့ လာရောက် ပစ်ခတ်မှုရှိခဲ့တာကြောင့် လုံခြုံရေး စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

5 months Ago
More News
Up