သင်္ချိုင်းမြေပုံ ၇၀

November 30, 2020

အီသီယိုးပီးယားတွင် ၁ ယောက်ချင်းနှင့် အစုလိုက်မြှုပ်ထားသည့် သင်္ချိုင်းမြေပုံ ၇၀ တွေ့ရှိ

အီသီယိုးပီးယားနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်ခဲ့တဲ့ တီဂရေးဒေသထဲက ဟူမေရာမြို့မှာ လူတယောက်ချင်းရော အစုလိုက်အပြုံလိုက်ပါ မြှုပ်နှံထားတဲ့ သင်္ချိုင်းမြေပုံ ၇၀ ကို တွေ့ထားတယ်လို့  အစိုးရရုပ်သံ (ETV) က နိုဝင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။ တီဂရေးဒေသထဲက စစ်ဆင်ရေးတွေပြီးပြီလို့ အစိုးရက ပြောပြီးတဲ့နေ့မှာပဲ အခုလို တွေ့ရတာဖြစ်ပြီး မြေပုံထဲ အမြှုပ်ခံထားရတဲ့ အသတ်ခံရသူတွေ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အီသီယိုပီးယား အစိုးရဆီကရော စစ်တပ်ဆီကပါ မှတ်ချက် တစုံတရာ မရသေးပါဘူး။ နိုဝင်ဘာ ၄ ရက်ကစပြီး အီသီယိုပီးယားပြည်ထောင်စု စစ်တပ်နဲ့ တီဂရေး သူပုန်တပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ကတည်းက တီဂရေးဒေသအတွင်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး လမ်းကြောင်းတွေကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားလို့ ဘက်အားလုံးရဲ့ အခိုင်အမာ ပြောဆိုချက်တွေကို လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှုတော့ မရှိပါဘူး။
4 months Ago
Up