သင်္ကြန်အကျနေ့

April 14, 2021

ငွေဆောင်ကမ်းခြေတွင် မော်တော်ယာဉ်များ လမ်းပိတ်သည်အထိ စည်ကားနေ

အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ရဲ့ လက်ချက်နဲ့ ပြည်သူတွေ ၇၀၀ ကျော်သေဆုံးချိန် ငွေဆောင်ပင်လယ်ကမ်းခြေမှာတော့  ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့က လာရောက်သူတွေများတာကြောင့်  ညပိုင်း မော်တော်ယာဉ်တွေ လမ်းပိတ်တဲ့အထိ  စည်ကားနေပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ ပြည်သူအများစုက တော်လှန်သင်္ကြန်ကို ဆင်နွှဲပြီး ရေသဘင်ပွဲတော် ဆင်နွှဲတာမရှိပေမဲ့ ငွေဆောင်ကမ်းခြေကို ကိုယ်ပိုင်မော်တော်ယာဉ်တွေ၊ ဆိုင်ကယ်တွေနဲ့ သင်္ကြန်ပွဲတော်ရက် လာရောက်အပန်းဖြေသူတွေနဲ့ များပြားနေတာပါ။

ဧရာဝတီတိုင်းထဲက ငွေဆောင်၊ ချောင်းသာကမ်းခြေတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု လျှော့ချနိုင်ရေးအတွက် ပိတ်ထားခဲ့တာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီး စစ်တပ်နဲ့ ပတ်သက်တဲ့  ဟိုတယ်တချို့က ပြန်လည်စတင်ဖွင့်လှစ်ခဲ့တာပါ။

ခရီးသွားလာရောက်မှုများပြားနေတာကြောင့် ကမ်းခြေမှာ ဒေသခံပိုင်တည်ခိုးခန်းတွေပါ ပြန်လည်ဖွင့်လှစ်ထားရပါတယ်။

8 months Ago

သင်္ကြန်အကျနေ့ မန္တလေးတွင် သွေးမတိတ်သပိတ် တကသစစ်ကြောင်းချီတက်ဆန္ဒပြ

သင်္ကြန်အကျနေ့ မန္တလေးတွင် သွေးမတိတ်သပိတ် တကသစစ်ကြောင်းချီတက်ဆန္ဒပြ

မန္တလေးမြို့မှာ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့က စစ်အာဏာရှင်ပြုတ်ကျရေးအတွက် သွေးမတိတ် သပိတ် တကသ စစ်ကြောင်းချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာမှာ လမ်းလျှောက်ချီတက်တာတွေအပြင် ဆိုင်ကယ်တွေနဲ့ပါ လှည့်လည်ကြပြီး စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြပါတယ်။

မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေ နေရာအနှံ့မှာချထားပြီး သပိတ်စစ်ကြောင်းတွေကို ဖြိုခွဲဖို့အသင့်ရှိနေပေမယ့် အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ပါတယ်။

8 months Ago
Up