သင်္ကြန်ပိတ်ရက်

A d v e r t i s e m e n t With Us

April 19, 2020

သင်္ကြန်ပိတ်ရက်အပြီး ပြန်လာသည့် နေပြည်တော် ဝန်ထမ်းများကို Quarantine ထားရှိ

COVID-19 ရောဂါ ကာကွယ်နိုင်ဖို့အတွက် သင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း နယ်ပြန်ကြတဲ့ ဝန်ထမ်းတွေကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာက Quarantine စင်တာမှာ စတင်ထားရှိနေပြီလို့ သိရပါတယ်။ နောက်ထပ်လည်း ဝန်ထမ်းတွေ လာဖို့ရှိတယ်လို့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၁ မှာ ဖွင့်လှစ်ထားတဲ့ COVID-19 ကာကွယ်မှု NCVT အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေက ပြောပါတယ်။ လက်ရှိ စည်ပင်ဧည့်ရိပ်သာမှာ ဖွင့်ထားတဲ့ Quarantine စင်တာမှာ ပြည်တော်ပြန်တွေနဲ့ ဝန်ထမ်းတချို့အပါအဝင် ၅၅၀ ကျော်ရှိပြီး COVID-19 ကာကွယ်ရေးအတွက် ကျန်းမာရေးအရ ကြည့်ရှုစစ်ဆေးမှုတွေ ပြုလုပ်ပေးနေပါတယ်။  ဝန်ထမ်းတွေ ရုံးပိတ်ရက်ရှည်မှာ အရေးကြီး (နာရေး) ကိစ္စမှ အပ ခရီးမသွားဖို့အတွက် ထားမြစ်ချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် ခရီးသွားတဲ့ ဝန်ထမ်းတွေလည်း ရှိနေပြီး ခွင့်ပြုချက်ရယူမှုမရှိဘဲ သွားရောက်ခဲ့တဲ့သူတွေကိုလည်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
11 months Ago

April 4, 2020

သင်္ကြန်ပိတ်ရက် အပြင်မထွက်ကြရန်  ရန်ကုန်တိုင်းအစိုးရ ညွှန်ကြား

သင်္ကြန် ရုံးပိတ်ရက် ၁၀ ရက်မှာ မဖြစ်မနေ လုပ်ရမယ့်ကိစ္စတွေကလွဲပြီး အပြင်မထွက်ကြဘဲ အိမ်မှာပဲ နေကြဖို့နဲ့ ရန်ကုန်တိုင်းအစိုးရက ညွှန်ကြားလိုက်ပါတယ်။ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ အကြောင်းကြားချက်အရ ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်နေ့အထိ အိမ်မှာနေထိုင်ပြီး အသွားအလာ ကန့်သတ်တဲ့အစီအစဉ်မှာ ပါဝင်ကြဖို့ စာနဲ့ထုတ်ပြန်လိုက်တာပါ။ ကျန်းမာရေးကိစ္စနဲ့ အစားအသောက် ဝယ်ယူတာကလွဲလို့ မိမိတို့အိမ်မှာ နေထိုင်တဲ့ လုပ်ငန်းစဉ်မှာ ပြည်သူတွေ ပူးပေါင်းပါဝင်ရေး ကြပ်မတ်လုပ်ဆောင်ဖို့ ခရိုင်၊ မြို့နယ်အဆင့်ကော်မတီတွေကို ညွှန်ကြားစာပို့ထားပါတယ်။  ရန်ကုန်တိုင်းဒေသကြီး Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး လက်မှတ်ထိုးပြီး ဧပြီ ၂ရက်နေ့က စာပို့ထားတာ ဖြစ်ပါတယ်။ ညွှန်ကြားစာအရ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးအထိ ညွှန်ကြားထားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေကို နှိုးဆော်ရမှာ ဖြစ်ပါတယ်။ ဒီစာကို မြို့နယ်နဲ့ ရပ်ကွက်တွေကလည်း ထပ်ဆင့်ထုတ်ပြန်လိုက်ကြသလို သင်္ကြန်ကာလမှာ အုန်းလက်မဏ္ဍပ် အပါအဝင် ဘယ်လို ရေပက်ခံမဏ္ဍပ်ကိုမှ မဆောက်ကြဖို့၊ ရေပက်ခံကားတွေနဲ့ လူစုလှည့်ပတ်တာတွေ မလုပ်ကြဖို့ကိုလည်း ညွှန်ကြားထားပါတယ်။
11 months Ago
Up