မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
သင်ဇာဝင့်ကျော်၊
Home
သင်ဇာဝင့်ကျော်၊
A
d
v
e
r
t
i
s
e
m
e
n
t
With Us
December 18, 2019
2K
သင်ဇာဝင့်ကျော်၊ Project K နှင့် ဝါရွှေနွယ်သွေးဝင်းတို့ ပါဝင်သည့် ရုပ်သံဇာတ်လမ်းတွဲ ရိုက်မည်
မြန်မာကေပေါ့ပ်တေးဂီတအဖွဲ့ Project K ၊ သရုပ်ဆောင်မင်းသမီး သင်ဇာဝင့်ကျော်နဲ့ ဝါရွှေနွယ်သွေးဝင်းတို့ ပါဝင်ကြမယ့် ရုပ်သံဇာတ်လမ်းတွဲတခုကို ရိုက်ကူးသွားဖို့ ရှိနေပါတယ်။
“Before & After (ပြောင်းလဲခြင်း နောက်ကွယ်)”လို့ အမည်ပေးထားတဲ့ ဒီဇာတ်လမ်းတွဲကိုတော့ ဆောင်းညပြာသို ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးမှာဖြစ်ပြီး မူပိုင်နှင်းဆီရဲ့ ဇာတ်လမ်း ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးမှာ ဖြစ်ပါတယ်။
ရသစုံ ဒရာမာကားတကားအနေနဲ့ ရိုက်ကူးမယ့် ဒီကားထဲမှာတော့ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ရဲအောင်၊ အောင်လေး၊ ထူးမြတ်၊ ဇွဲလရောင်၊ သံသာမိုးထက်တို့နဲ့ တခြား သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားရဲ့ ကန်တော့ပွဲပေးပွဲ အခမ်းအနားကိုတော့ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
လူငယ် ကေပေါ့ပ်ပရိသတ်တွေကြားမှာ ရေပန်းစား လူသိများတဲ့ မြန်မာကေပေါ့ပ် အကအဖွဲ့ Project K ဟာ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှုတွေနဲ့အတူ နာမည်ကြီးလာခဲ့တာပါ။
မနှစ်ကတော့ သူတို့အဖွဲ့ဟာ The Beginning အမည်နဲ့ တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားပြီး Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။
ခုဇာတ်လမ်းတွဲကတော့ သူတို့အဖွဲ့အနေနဲ့ သရုပ်ဆောင်မင်းသမီး သင်ဇာဝင့်ကျော်နဲ့ ပထမဆုံး တွဲဖက်သရုပ်ဆောင်မှု ဖြစ်လာမှာဖြစ်ပြီး ဒီကားထဲမှာ ပါဝင်တဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီး ဝါဝါဝင်းရွှေရဲ့ မြေးဖြစ်တဲ့ ဝါရွှေနွယ်သွေးဝင်းကလည်း လတ်တလော ပရိသတ်အားပေးမှု ရရှိသူတဦး ဖြစ်တာမို့ ဒီဇာတ်လမ်းတွဲကို စိတ်ဝင်စားနေကြတာပါ။
ဒီရုပ်သံဇာတ်လမ်းတွဲမှာ အပိုင်းပေါင်း ၂၀ ပါဝင်မှာဖြစ်ပြီး Fortune TV ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Photo :
Wa Wa Win Shwe
1 year Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up