သင်ကြားရေးဆေးရုံကြီး

A d v e r t i s e m e n t With Us

April 27, 2020

မကွေးတိုင်းဆေးရုံနှင့် သင်ကြားရေးဆေးရုံကြီးသို့ Protective Chamber လှူဒါန်း

ဓာတ်ခွဲနမူနာ ရယူရာမှာ COVID-19 ရောဂါ မကူးစက်နိုင်အောင် မကွေးတိုင်း ပြည်သူ့ဆေးရုံနဲ့ သင်ကြားရေးဆေးရုံကြီးတွေကို "Protective Chamber" တခုစီ လှူဒါန်းပေးထား တယ်လို့ ရွှေပါရမီဖောင်ဒေရှင်းမှ တွဲဖက်အတွင်းရေးမှူး ဦးအေးကိုက ပြောပါတယ်။ "COVID-19 ရောဂါ စောင့်ကြည့် သံသယလူနာတွေဆီက နှာခေါင်းတို့ဖတ်၊ လည်ချောင်းတို့ဖတ်တို့ ရယူတဲ့အခါ မှန်ခြားထားတဲ့အတွက် တိုက်ရိုက်ထိတွေ့မှုမရှိဘဲ ဘေးကင်းလုံခြုံအောင် ရည်ရွယ်ပြီး လှူဒါန်းပေးတာပါ။” အလှူရှင်နဲ့ ချိတ်ဆက်ပြီး 9 Star အလူမီနီယံက လုပ်အားစိုက်ထုတ် တီထွင်ပေးတာကာ မကွေး သင်ကြားရေးဆေးရုံကြီးကို လှူဒါန်ပေးခဲ့တာဖြစ်ပြီး တိုင်းပြည်သူ့ဆေးရုံကြီးကိုတော့ အလှူရှင်တဦးက တိုက်ရိုက်လှူဒါန်းပေးတာလို့ ဆိုပါတယ်။ ဒါ့အပြင် မကွေးသင်ကြားရေးဆေးရုံကြီးမှာ ECG စက်တလုံးရှိပေမယ့် တခြားလူနာတွေနဲ့ ရောထွေးမှုမရှိအောင် ECG စက်အသစ်တစ်လုံး လှူဒါန်းပေးထားပါတယ်လို့ ဦးအေးကိုက ပြောပါတယ်။ ရျှေပါရမီ ဖောင်းဒေရှင်ေအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ပရဟိတအဖွဲ့တွေအတွက် COVID-19 ရောဂါ အကာကွယ်ပစ္စည်းတွေ လှူဒါန်းပေးထားပြီး Isolation Ward နဲ့ Quarantine မှာ တာဝန်ကျနေတဲ့သူတွေကိုလည်း နေ့စဉ်အစားသောက်တွေ လှူဒါန်းပေးနေတယ်လို့ သိရပါတယ်။ သတင်း-မင်းထီး
10 months Ago
Up