သင့်​က​လေးကို sex education ဘယ်​လို​သင်​​ပေးကြမလဲ ဟောပြောပွဲကျင်းပ

July 21, 2019

သင့်​က​လေးကို sex education ဘယ်​လို​သင်​​ပေးကြမလဲ ဟောပြောပွဲကျင်းပ

က​လေးငယ်​​တွေကို မိဘအုပ်​ထိန်းသူ​တွေက လိင်​အသိပညာ​ပေးတတ်​ဖို့ ရည်​ရွယ်​ပြီး သင့်​က​လေးကို sex education ဘယ်​လို​သင်​​ပေးကြမလဲ ​ဟော​ပြောပွဲကို ရန်​ကုန်​မြို့ UMFCCI မှာ ဇူလိုင်​ ၂၀ ရက်​​နေ့က ကျင်းပခဲ့ပါတယ်​။  က​လေးငယ်​​တွေဟာ စကား​ပြောတတ်​စအရွယ်​ သုံးနှစ်​​လောက်​တည်းက စူးစမ်းတတ်​တဲ့စိတ်​​ကြောင့်​ ဘဝနဲ့လိင်​မှုဆိုင်​ရာ​မေးခွန်း​တွေကို ​မေးတတ်​ကြပါတယ်​။ က​လေး​တွေ​မေးလာတဲ့အခါမှာ သူတို့နားလည်​နိုင်​တဲ့ စကားလုံး​တွေနဲ့ အနူးညံ့ဆုံး​ရွေးချယ်​ပြီး ရှင်းပြတတ်​ဖို့ကို မိဘ​တွေက ကြိုးစားရမယ်​လို့ ​ပြောပါတယ်​။  သိပ္ပံနည်းကျ တိကျပြီး လက်​​တွေ့ကျတဲ့ သတင်းအချက်​အလက်​​တွေကို​ပေးပြီး အသက်​အရွယ်​ ယဉ်​​ကျေးမှုနဲ့ သင့်​​လျော်​တဲ့ ချဉ်းကပ်​မှုမျိုးနဲ့ လိင်​မှုဆိုင်​ရာ ကိစ္စရပ်​​တွေကို အ​ခြေခံပညာ​ကျောင်း​တွေမှာ သင်​ကြား​ပေး​နေပြီလို့ သိရပါတယ်။  က​လေးငယ်​​တွေအ​နေနဲ့ လိင်​မှုဆိုင်​ရာ အသိပညာ​တွေကို သူတို့အရွယ်​အလိုက်​ အသိရှိ​နေမယ်​ဆိုရင်​ သူတို့ကိုယ်​သူတို့ ကာကွယ်​နိုင်​ပြီး သက်​ငယ်​မုဒိန်းမှုကိုကာကွယ်​နိုင်​သလို သူတို့ကိုယ်​တိုင်​ကျူးလွန်​မှာကိုလည်း တားဆီး​ပေးနိုင်​တယ်​လို့ ​ဟော​ပြောပွဲမှာပါဝင်တဲ့ ဆရာဝန်​​တွေက​ပြောပါတယ်​။ ​ ဟော​ပြောပွဲမှာ စိတ်​ပညာရှု​ထောင့်​က​နေ က​လေး​တွေရဲ့ လိင်​မှုဆိုင်​ရာဖွံ့ဖြိုးမှုကို ဆရာမကြီး​ ဒေါ်သက်​ထားဝင်း၊ ​ဒေါက်​တာဖြိုးသီဟနဲ့ ​ဒေါက်​တာစိမ့်​စမ်းဖြူတို့ကလည်း က​လေးငယ်​​တွေကို မိဘအုပ်​ထိန်းသူ​တွေက လိင်​အသိပညာ​ပေးဖို့ကို ​ဟော​ပြောခဲ့ပါတယ်​။  သတင်း၊ဓာတ်​ပုံ- စုစု
2 years Ago
Up