H1N1 ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးရေးအတွက် ဗီနိုင်းကပ်တာနဲ့ နှာခေါင်းစည်း mask ဝေတာတွေကို ဇူလိုင်လ ၂၈ ရက်နေ့က ရန်ကုန် သင်္ဃန်းကျွန်းမြို့ နယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီအသိပညာပေးအစီအစဉ်ကို သင်္ဃန်းကျွန်းမြို့နယ်ကျန်းမာရေးဌာန၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ မြို့နယ်စည်ပင်တို့ ပူးပေါင်းပြီး စာသင်ကျောင်း၊ လမ်းဆုံလမ်းခွနဲ့ လူစည်ကားတဲ့ ဘတ်စ်ကား မှတ်တိုင်တွေမှာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ရာသီတုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးရေးအတွက် ဗီနိုင်းအချပ် ၃၀၀နဲ့ နှာခေါင်းစည်းအခု ၂၀၀၀ကို ဖြန့်ဝေသွားမှာဖြစ်ပြီး ကျောက်တံတားမြို့နယ်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တွေမှာလည်း ပြည်သူတွေအတွက် ရောဂါကာကွယ်ရေး ပညာပေး လုပ်ဆောင်ဖို့ရှိနေပါတယ်။
သတင်းဓာတ်ပုံ - သူဇာလင်း
6 years Ago