သင်္ချာသီအိုရမ်

November 7, 2015

ကွန်ပျူတာထက် မြန်မြန်တွက်နိုင်မည့် သင်္ချာသီအိုရမ် ဆယ်ကျော်သက် ၂ ဦးတီထွင်

အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက် လူငယ် ၂ ဦးဟာ ကွန်ပျူတာတလုံးထက် ပိုပြီး မြန်မြန်ဆန်ဆန် တွက်ချက်နိုင်တဲ့ သင်္ချာသီအိုရမ်ကို တီထွင်နိုင်ခဲ့တဲ့အတွက် ဒါဟာ အလားအလာကောင်းတဲ့ ပညာရပ်ဆိုင်ရာ တော်လှန်မှုတခု ဖြစ်လာခဲ့ပါတယ်။ ဆန်ဒီယေဂိုမြို့မှာ နေထိုင်တဲ့ ဇူမင်လျန်နဲ့ သြစတြေးလျမှာ နေထိုင်တဲ့ အိုင်ဗန်ဇလစ်ခ်ျတို့ဟာ အွန်လိုင်းသင်္ချာဖိုရမ်တခုမှာ ဆုံခဲ့ကြပြီးနောက် ပြဿ    နာတွေကို အဖြေရှာနိုင်ဖို့ အလုပ်အတူတူ လုပ်ခဲ့ကြတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ဒီသီအိုရမ်အသစ်ဟာ စကြာဝဠာဆိုင်ရာ ရှုပ်ထွေးတဲ့ ပြဿ   နာတွေကို အဖြေရှာနိုင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး အချိန် ၆ လကြာ ကြိုးစားခဲ့ရတာပါ။ ဒီသီအိုရမ်ဟာ တနေ့မှာ စကြာဝဠာချင်း ချိတ်ဆက်သွားလာမှုဆိုင်ရာ ကိစ္စတွေမှာ ဦးဆောင်နိုင်မယ် ဆိုတာကိုတော့ သူတို့က ငြင်းဆိုထားပါတယ်။
6 years Ago
Up