သခင်နှင့် ကြိုးအတူခုန်ပြီး စွမ်းရည်ပြခဲ့သည့် ချစ်စရာခွေးမလေး ကမ္ဘာ့စံချိန်တင်

April 5, 2017

သခင်နှင့် ကြိုးအတူခုန်ပြီး စွမ်းရည်ပြခဲ့သည့် ချစ်စရာခွေးမလေး ကမ္ဘာ့စံချိန်တင် (ရုပ်သံ)

အင်္ဂလန်နိုင်ငံမှ အသက် ၈ နှစ်အရွယ် ခွေးမလေး ဂျက်ဆီကာဟာ သခင်ဖြစ်သူနဲ့ ကြိုးအတူခုန် စွမ်းရည်ပြပြီး ဂင်းနက်စ် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဧပြီ ၃ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီ ချစ်စရာခွေးမလေးဟာ ဂျက်ခ်ရပ်ဆဲလ် တယ်ရီယာခွေးအမျိုးအစားဖြစ်ပြီး သခင်ဖြစ်တဲ့ ရေချယ်လ်ဂရေးလ်စ်နဲ့အတူ ခုလို စွမ်းရည်ပြသနိုင်ခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ခွေးမလေး ဂျက်ဆီကာဟာ သခင်ဖြစ်သူကျော့လိုက်တဲ့ ကြိုးဝိုင်းအတွင်းမှာ ဟန်ချက်ညီညီ ခုန်နေခဲ့တာကို ချစ်စဖွယ် တွေ့မြင်ရမှာပါ။ အခုစံချိန်တင်လိုက်တာကတော့ သူတို့ဟာ အချိန် ၁ မိနစ်အတွင်းမှာ ၅၉ ကြိမ် ခုန်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
4 years Ago
Up