သခင့်နောက်ဆုံးခရီးတွင် ၀မ်းနည်းငိုကြွေးခဲ့သည့် မြင်းတကောင်၏ရုပ်သံ ရေပန်းစား

January 7, 2017

သခင့်နောက်ဆုံးခရီးတွင် ၀မ်းနည်းငိုကြွေးခဲ့သည့် မြင်းတကောင်၏ရုပ်သံ ရေပန်းစား

ဘရာဇီးနိုင်ငံမှာ သေဆုံးခဲ့သူ သခင့်ရဲ့ ဈာပနအခမ်းအနားမှာ ၀မ်းနည်းပူဆွေးမှုတွေနဲ့ ငိုကြွေးခဲ့တဲ့ မြင်းတကောင်ရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်လူမှုကွန်ရက်စာ မျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။ အသက် ၃၄ နှစ်အရွယ် ၀က်ဂ်နာ ဒီလီမာဖီဂူရီဒိုအမည်ရ အမျိုးသားဟာ ဆိုင် ကယ်မတော်တဆမှုတခုနဲ့ သေဆုံးခဲ့ပြီး သူ့ရဲ့ ဈာပနအခမ်းအနားမှာ မိဘဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကြား သူ့ရဲ့ မြင်းကပါ ခုလိုနှုတ်ဆက်ခဲ့တာပါ။ သခင်ဖြစ်သူရဲ့ ခေါင်းတလားအနီးမှာ ဦးခေါင်းကို ညွတ်ပြီး အော်သံထွက်ကာ ရှိုက်ငိုနေခဲ့တဲ့ သူ့ရဲ့သွင်ပြင်ဟာ ဘေးကကြည့်ရှုနေသူတွေကိုပါ ၀မ်းနည်းထိခိုက်စေခဲ့ပါတယ်။ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကတော့ မြင်းနဲ့ သခင်ဖြစ်သူဟာ တကယ့်ကို နီးနီးကပ် ကပ် ရင်းနှီးပတ်သက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ သခင်ဖြစ်သူ ၀က်ဂ်နာဟာ ၀ါရင့်မြင်းစီးသမားတဦးဖြစ်ဖို့ ကြိုးစားနေသူဖြစ်ကာ ဆီရီနိုအမည်ရတဲ့ ဒီမြင်းကတော့ သူ့ရဲ့လက်စွဲတော်မြင်းတကောင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်သစ်ကူးညမှာတော့ သူဟာ ဆိုင်ကယ်မတော်တဆမှုတခုဖြစ်ခဲ့တာပါ။ ဆေးရုံကို အလျင်အမြန်ပို့ဆောင်ပြီး ဆေးကုသမှုခံယူခဲ့ပေမယ့် ကြီးမားတဲ့ ခွဲစိတ် ကုသမှု ၂ ခုလုပ်အပြီးမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပါတယ်။ ဇန်န၀ါရီလ ၃ ရက်နေ့မှာတော့ သူ့ရဲ့ ဈာပနအခမ်းအနားဆီ မြင်းကို ခေါ်ဆောင် နှုတ်ဆက်စေခဲ့တာဖြစ်ပြီး ခုလိုဝမ်းနည်းပူဆွေးခဲ့တာဟာ တကယ့်ကို စိတ်ထိခိုက်စရာ ကောင်းလှပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး ထောင်နဲ့ချီကာ ပြန်လည်မျှဝေခဲ့ကြပါတယ်။ ၀က်ဂ်နာရဲ့ ဖခင်ဖြစ်သူကတော့ “ဒီမြင်းဟာ သူ့အတွက်တော့ အရာရာပါပဲ”လို့ ပြောလိုက်တာပါ။
5 years Ago
Up