နော်ဝေနိုင်ငံက ချန်ပီစ်အမည်ရတဲ့ ခွေးကလေးဟာ သူ့သခင်ရဲ့ အ၀တ်တွေကို အ၀တ်လျှော်စက်သုံးကာ ပြီးဆုံးတဲ့အထိ လျှော်ပေးခဲ့ပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ချန်ပီစ်ဟာ အ၀တ်တွေကို အ၀တ်လျှော်စက်ထဲထည့်ပြီး ပြီးဆုံးတဲ့ထိ လုပ်ဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။
အဲဒီရုပ်သံဗွီဒီယိုဖိုင်ကို သခင်ဖြစ်တဲ့ ဂေါ်ရီအဲလိစ်ဟော့ဖ်အိုလ်ဆင် အမည်ရတဲ့ အမျိုးသမီးက ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ ပြန်လည်မျှဝေခဲ့တာလို့ ယူပီအိုင်သတင်းမှာ မတ်လ ၁ ရက်နေ့က ဖော်ပြပါတယ်။
ချန်ပီစ်ဟာ အ၀တ်တွေကို တခုချင်းစီ ပါးစပ်နဲ့ကိုက်ချီကာ အ၀တ်လျှော်စက်ထဲကို ထည့်ခဲ့ပြီးနောက်မှာ တံခါးကို နောက်ဘက်ခြေထောက်နဲ့ ကန်ပိတ်ခဲ့ပြီး ခလုတ်နှိပ်ခဲ့တာပါ။
အ၀တ်လျှော်စက် အလုပ်လုပ်နေချိန်မှာတော့ သူဟာ စက်အနားမှာ ပတ်ချာလည် လှည့်နေခဲ့ပြီး စောင့်နေခဲ့ကာ ဆပ်ပြာခဲ ၃ တုံးကို တပြိုင်တည်း ခေါင်းပေါ်တင်ပြီး စွမ်းရည်ပြခဲ့ပါသေးတယ်။
အ၀တ်တွေလျှော်ပြီးလို့ စက်က အချက်ပြချိန်မှာတော့ ချန်ပီစ်ဟာ စက်ထဲမှ အ၀တ်တွေ တထည်ချင်းစီကို သူ့သခင်ဆီ ယူဆောင်ပေးခဲ့တာ တွေ့ရပါတယ်။
5 years Ago