သက်အကြီးဆုံး ကိုဗစ်-၁၉ လူနာ

October 9, 2020

မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး ကိုဗစ်-၁၉ လူနာ Negative ပြန်ဖြစ်ပြီး နေအိမ်ပြန်

မြန်မာပြည်မှာ အသက်အကြီးဆုံး ကိုဗစ်-၁၉  အတည်ပြုလူနာဖြစ်တဲ့ အသက် ၁၀၀ အရွယ်ရှိ အဘွား ဒေါ်သိန်းခင်ဟာ  ပိုးကင်းစင် Negativeဖြစ်ပြီး  ရောဂါသက်သာပျောက်ကင်းသွားလို့  သူ့ရဲ့ နေအိမ်ကို ပြန်သွားနိုင်ပြီ ဖြစ်ပါတယ်။     မြေးဖြစ်သူ Positive လူနာကတဆင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတဲ့  အဘွား ဒေါ်သိန်းခင်ဟာ မနေ့ကပဲ Negative ပြန်ဖြစ်ပြီး ရောဂါသက်သာလာလို့ သူဆေးကုသမှု ခံယူနေတဲ့ ရိုးမရိပ်သာကုသရေးစင်တာကနေ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ သူ့ရဲ့နေအိမ်ကို ပြန်သွားခဲ့ကြောင်း အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။  အင်းစိန် GTI မှာဖွင့်လှစ်ထားတဲ့  ကွာရန်တင်းစင်တာအမှတ် ၁ ကို ရောက်ရှိလာတဲ့ ဒေါ်သိန်းခင်ဟာ စက်တင်ဘာ ၂၃ ရက်က ကျန်းမာရေးဌာနက ကိုဗစ်-၁၉ Positive လူနာ အဖြစ်ကြေညာပြီးနောက် အင်းစိန် GTI ကွာရန်တင်းစင်တာကနေ  ရိုးမရိပ်သာကုသရေးစင်တာကို လွှဲပြောင်း ကုသမှုခံယူစေခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ အဘွား ဒေါ်သိန်းခင်ဟာ  မြန်မာနိုင်ငံမှာ စစ်ဆေးတွေ့ရှိတဲ့  ကိုဗစ်-၁၉ အတည်ပြုလူနာတွေအထဲမှာ အသက်အကြီးဆုံး Positive လူနာအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ကုသရေးစင်တာမှ ပိုးကင်းစင်သက်သာပြီး အောင်မြင်စွာ ပြန်လည်ဆင်းလာနိုင်တဲ့ အသက်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။  
7 months Ago
Up