သက်သေလိုက်

February 8, 2020

ပြစ်တင်စွပ်စွဲခံရမှုတွင် သက်သေလိုက်သည့် အရာရှိနှစ်ဦးကို သမ္မတထရမ့်  ရာထူးမှဖယ်ရှား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့အပေါ် ပြစ်တင်စွပ်စွဲမှုမှာ သက်သေခံခဲ့တဲ့ အကြီးတန်းအရာရှိ နှစ်ယောက်ကို ဖေဖော်ဝါရီ ၇ ရက်က ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ သူတို့နှစ်ယောက်ကတော့ အီးယူဆိုင်ရာ အမေရိကန် သံတမန် ဂေါ်ဒွင်ဆောင်းလန်းနဲ့ ယူကရိန်းရေးရာ ကျွမ်းကျင်သူ ဒုဗိုလ်မှူးကြီး အလက်ဇန်းဒါးဗိုင်းမန်းတို့ ဖြစ်ကြပါတယ်။  သံတမန် ဆောင်းလန်းက ဒီကနေ့ပဲ သမ္မတထရမ့်က သူ့ကို တာဝန်ကနေ ချက်ချင်း ရုပ်သိမ်းတယ်ဆိုပြီး အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမတိုင်မီ နာရီပိုင်းအလိုမှာ ဒုဗိုလ်မှူးကြီးဗိုင်းမန်းကို အိမ်ဖြူတော်ကနေ ခေါ်ထုတ်သွားခဲ့ပါတယ်။ “ဒုဗိုလ်မှူးကြီးဗိုင်းမန်းကို ဘာကြောင့် ရာထူးက ဖယ်ရှားသလဲ၊ ဘာကြောင့် အခု အိမ်ဖြူတော်မှာ တာဝန်ထမ်းတဲ့ စစ်သားတယောက် လျော့သွားလဲဆိုတာ ဆိုတာ အမေရိကန်နိုင်ငံသားတိုင်း သိပါတယ်” လို့ ဗိုင်းမန်းရဲ့ရှေ့နေက ပြောခဲ့ပါတယ်။  ရှေ့နေက ဗိုင်းမန်းဟာ အမှန်ကို ပြောခဲ့တာကြောင့် ရာထူးကနေ နုတ်ထွက်ခိုင်းခံရတယ်လို့ ပြောခဲ့ပါတယ်။ ဒုဗိုလ်မှူးကြီး ဗိုင်းမန်းအား ပင်တဂွန်ကို ပြန်ခေါ်ဖို့ ကြိုဆိုတယ်လို့ ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက ဖေဖော်ဝါရီလ ၇ ရက် အစောပိုင်းမှာ ပြောခဲ့ပါတယ်။
1 year Ago
Up