အိန္ဒိယနိုင်ငံရဲ့ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမှာ အသွားအလာ ပိတ်ဆို့ကန့်သတ်ထားခြင်းရဲ့ သက်ရောက်မှုအသစ်အနေနဲ့ ထောင်နဲ့ချီတဲ့ ကြိုးကြာနီတွေ မေ ၁ ရက်က ရောက်လာကြပါတယ်။
ပိုကြည်လင်လာတဲ့ ကောင်းကင်နဲ့ လေထု အရည်အသွေးကြောင့် ကျန်ခဲ့တဲ့ သီတင်းပတ်က စပြီး ပန်းရောင်ကြိုးကြာတွေ အကြီးအကျယ် ရောက်လာခဲ့တာပါ။
ဒီငှက်တွေဟာ နှစ်စဉ် တိုက်ကျော် ပျံသန်းလေ့ရှိတဲ့ သဘာဝဖြစ်စဉ်အရ ရောက်လာတာ ဖြစ်ပေမယ့် ခါတိုင်းမှာ ဒီလောက်အရေအတွက် များများ ရောက်လာလေ့ မရှိပါဘူး။
ကြိုးကြာနီတွေဟာ အိန္ဒိယရဲ့ အနောက်ဘက် နဲ့ တောင်ဘက်ကမ်းရိုးတန်း ဒေသတွေဆီကို မိတ်လိုက် သားပေါက်ရာသီအပြီး ဒီဇင်ဘာလအတွင်း ရောက်လာလေ့ရှိတဲ့ ငှက်တမျိုး ဖြစ်ပါတယ်။
12 months Ago