သက်မဲ့လုပ်ရန်

December 16, 2019

အီတလီတွင် စစ်လက်ကျန်ဗုံး သက်မဲ့လုပ်ရန် ဒေသခံများကို ဘေးလွတ်ရာရွှေ့

အီတလီနိုင်ငံတောင်ပိုင်း ဘရင်ဒီစီမြို့မှာ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးတလုံးကို ကျွမ်းကျင်သူတွေက စနက်တံဖြုတ်ဖို့ လုပ်ဆောင်ချိန်မှာ ဒေသခံ ငါးသောင်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့လက ဘရင်ဒီစီမြို့မှာ ရုပ်ရှင်ပြဇာတ်ရုံတခုကို ပြန်လည်ပြင်ဆင်ရေးလုပ်ရင်း အဲဒီဗုံးတွေကို တွေ့ခဲ့တာ ဖြစ်ပါတယ်။ ဗုံးတွေ့ရှိတဲ့နေရာရဲ့ ၁၆၁၇ မီတာပတ်လည်ကို အနီရောင်ဇုန်အဖြစ် သတ်မှတ်လိုက်ပြီး အဲဒီဇုန်အတွင်း နေတဲ့ ဒေသခံ ငါးသောင်းလေးထောင်လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့တာပါ။ အဲဒီပမာဏဟာ ဘရင်ဒီစီမြို့ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။  အဲဒီဗုံးဟာ ဒုတိယကမ္ဘာစစ် ၁၉၄၁ ခုနှစ်အတွင်းမှာ ဗြိတိန်က ကြဲချခဲ့တဲ့ဗုံးဖြစ်ပြီး အလျား ၁ မီတာနဲ့ ယမ်းဘီလူးအလေးချိန် ၄၀ ကီလိုဂရမ် ပါဝင်တယ်လို့ ယူဆရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဒီဇင်ဘာ ၁၅ ရက်က ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့တဲ့အပြင် ဘရင်ဒီစီမြို့ လေဆိပ်၊ ရထားဘူတာရုံ၊ ဆေးရုံနှစ်ရုံနဲ့ အကျဉ်းထောင်တခုကိုလည်း ပိတ်ထားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဗုံးစနက်တံဖြုတ်တဲ့ လုပ်ငန်းစဉ်ဟာ ခန့်မှန်းခြေ မွန်းလွဲပိုင်းလောက်မှာ အပြီးသတ်မယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
2 years Ago
Up