သက်တမ်းရင့် ကညင်ပင်

October 1, 2021

ချင်းမိုင်တွင် လေပြင်းကြောင့် သက်တမ်းရင့် ကညင်ပင် ၇ ပင်လဲပြို၊ ဓာတ်တိုင်နှင့်အိမ်များ ပျက်စီး

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဆာရဖီးမြို့နယ်ထဲမှာ ဒီကနေ့ ညနေ ၃ နာရီကျော်လောက်က မိုးသက်လေပြင်းကျတဲ့အတွက် သက်တမ်းရင့်ကညင်ပင် ၇ ပင်လဲပြိုပြီး ဓာတ်မီးတိုင် နဲ့ လူနေ အိမ်ခြေပေါ်ပိကျတဲ့အတွက် ပျက်စီးမှုတွေရှိခဲ့ပါတယ်။ 

အဆိုပါ ကညင်ပင်တွေဟာ ချင်းမိုင်-ဆာရဖီး- လမ်းပွန်းမြို့နယ်သွား ကားလမ်းဘေးတဘက်တချက်မှာ အစီအရီတည်ရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က စိုက်ထားခဲ့တာပါ ။ 

ဒီကနေ့ မိုးသက်လေပြင်းကျတာကြောင့် ဆာရဖီးမြို့နယ်အပိုင်းမှာရှိတဲ့ အပင်ကြီး ၇ ပင်လဲပြိုသွားတာဖြစ်ပြီး လမ်းဘေးဓာတ်မီးတိုင် နဲ့ လမ်းဘေးတဘက်တချက်က နေအိမ်တွေပေါ်လဲကျတာကြောင့် ဓာတ်မီးတိုင်ပေါင်း အတိုင် ၂၀ လဲကျသွားပြီး နေအိမ်နဲ့ လမ်းဘေးဆိုင်တချို့ ပျက်စီးသွားခဲ့တာပါ။ 

လျှပ်စစ်မီးတွေလည်းပြတ်တောက်သွားပြီး လမ်းတွေပိတ်ဆို့နေတာကြောင့် သက်ဆိုင်ရာက အဆိုပါလမ်းကို ယာယီပိတ်ထားပြီး  အပူတပြင်းလမ်း ပြန်ရှင်းလင်းနေပါတယ်။   

1 year Ago
Up