ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး တနိုင်ငံလုံး အရေးပေါ်အခြေအနေကြေညာထားမှုကို ဆက်ပြီး သက်တမ်းတိုးမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။
ဂျပန်မှာ ဝန်ကြီးချုပ်အာဘေးက ဧပြီ ၁၆ ကနေ မေ ၆ ရက်အထိ အရေးပေါ် အခြေအနေ ကြေညာခဲ့တာပါ ။
ဒါပေမဲ့ လွှတ်တော်မှာ လက်ရှိအရေးပေါ်အခြေအနေကို အသိပေးပြီးနောက် ဝန်ကြီးချုပ်က သက်တမ်းထပ်တိုးချင်ကြောင်းပြောပါတယ် ။
ဂျပန်တနိုင်ငံလုံးမှာ လက်တလော အတည်ပြုလူနာ ၁၃,၉၂၉ ဦးရှိနေပြီး သေဆုံးသူကလည်း ၄၁၅ ဦးရှိနေပါတယ်။ ဧပြီ ၂၉ မှာပဲ တိုကျိုမှာ အတည်ပြုလူနာဦးရေ ၄၇ ဦး ထပ်တွေ့ပါတယ်။
တိုကျိုမြို့တော်အုပ်ချုပ်ရေးမှူး ယူရီကိုကိုအိကီကတော့ အခြေအနေက ဆိုးရွားနေဆဲမို့ ဝန်ကြီးချုပ်အနေနဲ့ တနိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာထားမှုကို သက်တမ်း ထပ်တိုးသင့်တယ်လို့ အကြံပြုထားပါတယ်။
10 months Ago