ပီရူးနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူဦးရေ ၁၇၀၀ ကျော်လာတဲ့အတွက် တနိုင်ငံလုံး လော့ဒေါင်းချမှု သက်တမ်းကို လာမယ့် မေ ၂၄ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
လမ်းတွေပေါ်မှာ စစ်သားနဲ့ ရဲတွေကို တပ်ချခိုင်းထားပြီး အသွားအလာကန့်သတ်မှုတွေကို လုပ်ဆောင်သွားမယ်လို့ သမ္မတ မာတင်ဗစ်ဇ်ကာရာက နိုင်ငံတော်ကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကတော့ သူတို့အတွက် PPE ဝတ်စုံတွေ လျော့နည်းနေတာကို ဆန္ဒပြခဲ့ကြပါတယ်။
အာဏာပိုင်တွေအနေနဲ့ ကပ်ဘေးရဲ့ ရှေ့တန်းမှာ လုပ်နေတဲ့ ဆရာဝန်တွေကို ပိုပြီး ကာကွယ်ပေးဖို့ လိုတယ်လို့လည်း တောင်းဆိုထားပါတယ်။
ပီရူးဟာ မေ ၉ ရက်နေ့မနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ ၆၁,၈၄၇ ဦးနဲ့ သေဆုံးသူ ၁၇၁၄ ဦးရှိပြီလို့ သိရပါတယ်။
12 months Ago