သက်ငယ်မုဒိမ်းမှု

December 19, 2020

ကချင်ပြည်နယ်တွင် သက်ငယ်မုဒိမ်း ဖြစ်ပွားမှုနှုန်း မြင့်တက်လာ

ကချင်ပြည်နယ်မှာ သုံးနှစ်အတွင်း  မုဒိမ်းမှု ဖြစ်ပွားနှုန်း နှိုင်းယှဥ်ချက်အရ ၂၀၂၀ ပြည့်နှစ်မှာ မုဒိမ်းမှု အမြင့်ဆုံး ဖြစ်ပွားခဲ့တယ်လို့ ကချင်ပြည်နယ် ရဲမှူးကြီးက ပြောပါတယ်။ ကချင်ပြည်နယ်ရဲမှူးကြီး ဉာဏ်မြင့်ကျော်က “ဒီ ၂၀၂၀ မှာ အမှုကြီးတွေ များလာတယ်။ ဘာများလာသလဲဆိုတော့ မုဒိမ်းမှု များလာတယ်။ မုဒိမ်းမှုတွေထဲမှာမှ သက်ငယ်မုဒိမ်းမှုတွေ များလာတာ တွေ့ရတယ်” လို့ ပြောပါတယ်။ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရဲ့ စာရင်းတွေအရေ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၂ ရက်နေ့အထိ မုဒိမ်းမှု ၄၄ မှု၊ ၂၀၁၉ ခုနှစ်မှာ မုဒိန်းမှု ၂၁ မှု၊ ၂၀၁၈ ခုနှစ်မှာ မုဒိမ်းမှု ၃၅ မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေမှာ စိတ်ပုံမှန်အခြေအနေမှာမရှိဘဲ အရက်မူးနေတဲ့သူ၊ မူးယစ်ဆေးဝါး သုံးစွဲထားသူတွေနဲ့ အခုနောက်ပိုင်းမှာ ဖခင်အရင်းဖြစ်သူက သမီးအရင်းကို မုဒိမ်းကျင့်မှုတွေလည်း ရှိလာတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်မှာ အမှုကြီးဖြစ်ပွားမှုနှုန်းအနေနဲ့ ၂၀၁၈ ခုနှစ်မှာ ၁၃၈ မှု၊ ၂၀၁၉ ခုနှစ်မှာ ၉၃ မှုနဲ့ ၂၀၂၀ နိုဝင်ဘာလအထိ  ၁၀၇ မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သတင်း - မီးမီး
4 months Ago

December 13, 2020

တောင်ကိုရီးယားတွင် သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ဒဏ်ကျခံရသူ ပြန်လွတ်

တောင်ကိုရီးယားမှာ ကလေးသူငယ် လိင်ပိုင်းစော်ကားမှုနဲ့ ထောင် ၁၂ နှစ်ကျခဲ့ပြီး  ဒီဇင်ဘာ ၁၂ ရက်က လွတ်မြောက်လာသူကို လူအုပ်ကြီးက ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။  ၂၀၀၉ ခုနှစ်က ချိုဒိုဆွန်း ဆိုသူ အသက် ၅၇ နှစ်အရွယ်အမျိုးသားဟာ ၈ နှစ်အရွယ် မိန်းကလေးကို ကြမ်းကြမ်းတမ်းတမ်း အဓမ္မပြုကျင့်ခဲ့တာကြောင့် မိန်းကလေးဟာ သေရာပါ အတွင်းဒဏ်ရာတွေ ရခဲ့ပါတယ်။  အရက်မူးနေတဲ့ အကြောင်းပြချက်နဲ့ သူ့ကို ထောင်ဒဏ် ၁၅ နှစ်ကနေ ၁၂ နှစ် လျှော့ချခဲ့တဲ့အတွက် အုတ်အော်သောင်းတင်း ဒေါသဖြစ်ခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၂ ရက် ပြန်လွတ်လာချိန်မှာတော့ ချိုဒိုဆွန်းဟာ အသက် ၆၉ နှစ် ရှိပါပြီ။  ကလေးသူငယ် လိင်ပိုင်းစော်ကားသူတွေကို ထောင်ဒဏ်တစ်သက် ချမှတ်ဖို့ လွှတ်တော်အမတ်တွေက ဥပဒေကြမ်း အဆိုပြုထားပေမယ့် ဒီကိစ္စအတွက် အများပြည်သူတွေရဲ့ ဒေါသက လျော့မသွားခဲ့ဘူးလို့ ရိုက်တာက တင်ပြထားပါတယ်။
4 months Ago
Up