သက်​ငယ်​မုဒိမ်း​ကျူးလွန်​သူကို​ သေဒဏ်​​ပေး​ရေး ပခုက္ကူ​ကျောင်းသားလူငယ်​​များ လှုပ်​ရှား

February 25, 2018

သက်​ငယ်​မုဒိမ်း​ကျူးလွန်​သူကို​ သေဒဏ်​​ပေး​ရေး ပခုက္ကူ​ကျောင်းသားလူငယ်​​များ လှုပ်​ရှား

  ပခုက္ကူမြို့ မြိုမလမ်းနဲ့ ထင်းတန်းလမ်းဆုံမှာ ဒီနေ့ မနက်က ​ကျောင်းသားလူငယ်​​လေး​တွေ စု​ပေါင်းပြီး သက်​ငယ်​မုဒိမ်းမှု ပ​ပျောက်​​ရေး၊ သက်​ငယ်​မုဒိမ်း​ကျူးလွန်​သူကို​ သေဒဏ်​​ပေး​ရေး လှုပ်​ရှားမှုပြု​လုပ်​ခဲ့ပါတယ်​။ သက်​ငယ်​မုဒိန်း ဖြစ်​​ပေါ်လာရင်​ ဆက်​သွယ်​အကူအညီ​တောင်းနိုင်​ဖို့ အကူအညီ​ပေး​နေတဲ့ အဖွဲ့အစည်း​တွေရဲ့ ဖုန်းနံပါတ်​​တွေအပြင်​ အသိပညာ​ပေးအချက်​အလက်​​တွေပါတဲ့ လက်​ကမ်း စာ​စောင်​ဖြန်​​ဝေ​ပေးခဲ့တာ​တွေလည်း ပြုလုပ်​ခဲ့ပါတယ်​။ ဒီပွဲကိုပါဝင်​ခဲ့တဲ့ လူငယ်​တဦးက​တော့ အရွယ်​မ​ရောက်​​သေးသူ က​လေးသူငယ်​များကို မုဒိန်းမှုကျူးလွန်​တာမျိုးကို ဘယ်​လိုမှ လက်​မခံနိုင်​သလို ​ထောင်​ဒဏ်​ နှစ်​ ၂၀ တင်​ မလုံ​လောက် ​တာ​ကြောင့် ​သေဒဏ်​ထိ ချမှတ်​သင့်တယ်​လို့ဆိုပါတယ်​။ သတင်း၊ ဓာတ်ပုံ - ကိုမြင့်နိုင်
4 years Ago
Up