တရုတ်နိုင်ငံက ဖက်ရှင်လောကမှာ သက်ကြီး ဖက်ရှင်မော်ဒယ်တွေကို ဒီဇိုင်နာတွေက ပိုငှားလာနေပါတယ်။
တရုတ်နိုင်ငံအတွင်း အသက်အရွယ် အမျိုးမျိုးရှိတဲ့ လူတွေကို ဆွဲဆောင်ဖို့ ဖက်ရှင်ဒီဇိုင်နာတွေက သက်ကြီးမော်ဒယ်လ်တွေကို ရှာနေကြပါတယ်။
ရှန်ဟိုင်းမြို့က ဖက်ရှင်လျှောက်လမ်းမှာ ဟန်ပါပါ လျှောက်လှမ်းနေတဲ့ အသက် ၅၆ နှစ်အရွယ် မာယင်ဟောင်က "ကိုယ့်ကိုယ်ကိုယ် သူတို့နဲ့ အသက်ကွာတဲ့မျိုးဆက် ဖြစ်တယ်လို့ မတွေးဘူး" လို့ ပြောပါတယ်။
တရုတ်နိုင်ငံအတွင်း သက်ကြီး ဖက်ရှင်မော်ဒယ် အရေအတွက် တိုးလာတဲ့အထဲမှာ မာက တယောက်အပါအဝင် ဖြစ်ပါတယ်။
"ကျမတို့အသက်အရွယ် လူတွေအားလုံးက အငြိမ်းစားတွေ အိမ်မှာနေကြတဲ့လူတွေပါ။ နေ့တိုင်း ဘာမှမလုပ်ဘဲ နေရတာ ပျင်းဖို့ကောင်းတယ်လို့ ထင်တယ်။ အားလပ်ချိန်ကို ဘယ်လိုသုံးမလဲဆိုတာ စဉ်းစားဖို့လိုတယ်" လို့ မာက ပြောပါတယ်။
နိုင်ငံတွင်းက စုပြီး ဆောင်းပြီး ငွေသုံးနိုင်တဲ့ လူတန်းစားကို ဆွဲဆောင်ဖို့ ကုန်အမှတ်တံဆိပ် ပိုင်ရှင်တွေက ကြိုးစားနေကြပါတယ်။
၂၀၅၀ ခုနှစ်မှာ တရုတ်နိုင်ငံအတွင်း လူ ၃ ယောက်မှာ တယောက်က အသက် ၆၀ အထက် လူကြီးတွေ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
2 years Ago