တိုးမြှင့်သတ်မှတ်ပေးထားတဲ့ တရားရုံးသက်သေစရိတ်တွေကို ထုတ်ပေးဖို့ တရားရုံးတွေကို ဇွန်လ ၁၃ ရက်က စာထုတ်အကြောင်းကြားထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးချုပ် ဦးလှအေးက ပြောပါတယ်။
တရားရုံး သက်သေစရိတ်တွေကို ၂၀၁၈ အောက်တိုဘာ ၁ ရက်နေ့က စပြီး ကျပ် ၄၈၀၀ ကို တိုးမြှင့် ပေးထားတာပါ။
တိုးမြှင့်ထားတဲ့ သက်သေစရိတ်တွေကို သတ်မှတ်နှုန်းနဲ့အညီ သက်သေတွေကိုပေးဖို့ ဇွန်လ ၁၃ ရက် ရက်စွဲနဲ့ တရားရုံးတွေကို ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။
ဇွန်လ ၁၈ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်အမတ်ဦးရန်အောင်ရဲ့ တရားရုံးသက်သေစရိတ်တွေ ထုတ်ယူရာမှာ လွယ်ကူလျင်မြန် ချောမွေ့အောင် တရားရုံးရဲ့ မြင်သာတဲ့နေရာမှာ ထုတ်ပြန်ကြေညာပေးဖို့ အစီအစဉ်ရှိမရှိနဲ့ တရားရုံးတွေ အတွက် လိုအပ်တဲ့ သက်သေစရိတ်ကို စနစ်တကျ ဘတ်ဂျက်ချပေးဖို့ အစီအစဉ်ရှိမရှိ မေးခွန်းကို ဖြေကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
2 years Ago