သက်တမ်းနှစ် ၉၉ သန်းရှိ အိမ်မြှောင်ကျောက်ဖြစ်ရုပ်ကြွင်း

March 6, 2016

သက်တမ်းနှစ် ၉၉ သန်းရှိ အိမ်မြှောင်ကျောက်ဖြစ်ရုပ်ကြွင်း

အရှေ့တောင်အာရှဒေသမှာ တွေ့ရှိရတဲ့ ပယင်းကျောက်ထဲမှာ အောင်းဝင်နေတဲ့ တွားသွားသတ္တ၀ါ ကျောက်ဖြစ်ရုပ်ကြွင်းဟာ သက်တမ်းနှစ်ပေါင်း ၉၉ သန်းရှိတယ်လို့ ဖလော်ရီဒါပြည်နယ်မှ သိပ္ပံပညာရှင်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါဟာ ရှေးအကျ ဆုံးမျိုးစိတ်တခုဖြစ်ကာ တွားသွားသတ္တ၀ါ သုတေသနပညာရှင်တွေအတွက် ပျောက်ဆုံးနေတဲ့ ချိတ်ဆက်မှုတခုဖြစ်လာတယ်လို့ ဆိုပါတယ်။ ခုတွေ့ရှိရတဲ့ အိမ်မြှောင်ကျောက်ဖြစ်ရုပ်ကြွင်းဟာ အရင်တွေ့ရှိမှု မှတ်တမ်းထက် နှစ်ပေါင်း ၇၅ သန်း ပိုရှေးကျတယ်လို့ ဖလော်ရီသဘာဝသမိုင်းပြတိုက်မှ သိပ္ပံပညာရှင် တွေက ဆိုပါတယ်။ “ဒါကို ပထမအကြိမ် မြင်ရတာဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒါတွေကို ခုချိန်ထိ ဘယ်လို ထိန်းသိမ်းထားနိုင်တာလဲဆိုတာကို အံ့သြမိတယ်” လို့ သုတေသနအဖွဲ့ဝင်တဦးဖြစ်တဲ့ အက်ဒ်ဝါ့ဒ်စတန်လေက ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြောပါတယ်။ ပုတ်သင်ညိုတကောင်နဲ့တူတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ဒီပုံစံတူမျိုးစိတ်ဟာ မွေး ကင်းစဖြစ်ပုံရပြီး မြန်မာနိုင်ငံ၊ အပူပိုင်းဒေသတောတွင်းဖြတ်သန်းစဉ်မှာ သစ်စေးနဲ့ ကပ်မိကာ ပိတ်မိနေခဲ့တာ ဖြစ်နိုင်တယ်လို့ သိပ္ပပညာရှင်တွေက ယုံကြည်နေကြတာပါ။ ဒီသတ္တ၀ါရဲ့ မျက်လုံးတွေ၊ အရောင်စုံတဲ့ အရေပြားတွေအစရှိတဲ့ တကိုယ်လုံးဟာ ခုချိန်ထိမပျက်မယွင်းရှိနေတယ်လို့ စတန်လေက ပြောပါတယ်။ စတန်လေနဲ့ တခြားသုတေသနပညာရှင်တွေဟာ ပယင်းကျောက်ကို ခွဲမထုတ်ပဲ နည်းပညာမြင့် ဒီဂျစ်တယ် အိပ်စ်ရေးအသုံးပြုကာ သက်တမ်းကို ခန့်မှန်းခဲ့ကြတာပါ။ ဒီသုတေသနတွေ့ရှိချက်ဟာ ပျောက်ဆုံးနေတဲ့ ဂေဟဗေဒစနစ်ကို လေ့လာရာမှာ အထောက်အကူဖြစ်စေနိုင်လိမ့်မယ်လို့ စတန်လေက ပြောပါတယ်။
6 years Ago
Up