ဖိလစ်ပိုင်နိုင်ငံမှာ သက်တမ်းဝက် ရွေးကောက်ပွဲကို မေလ ၁၃ ရက်က စတင် ကျင်းပခဲ့ပြီး လက်ရှိသမ္မတ ရိုဒရီဂို ဒူတာတေး အောက်လွှတ်တော်မှာ သြဇာပိုရလာမယ်လို့ မျှော်လင့်ထားပါတယ်။
သန်းနဲ့ချီတဲ့ မဲဆန္ဒရှင်တွေဟာ ပြည်သူပိုင်ကျောင်းတွေမှာ ဖွင့်ထားတဲ့ မဲရုံတွေဆီ ရောက်လာပြီး အထက်လွှတ်တော် အမတ်နေရာ ၂၄ ခုအတွက် မဲပေးကြပါတယ်။
ဒီမဲပေးမှုဟာ ဒူတာတေးရဲ့ ၆ နှစ်ကြာ သမ္မတသက်တမ်းကို ဆက်မလား၊ ရပ်မလား ဆိုတဲ့ ဥပဒေတွေ အတည်ပြုဖို့ အသက်သွေးကြောလည်း ဖြစ်ပါတယ်။
လူမှုရေး မိုးလေဝသအဖွဲ့က လုပ်တဲ့ နောက်ဆုံးစစ်တမ်းအရ ဒူတာတေး ခန့်အပ်တဲ့ ကိုယ်စားလှယ်လောင်းတွေဟာ အကြီးအကျယ် အနိုင်ရမယ်လို့ ခန့်မှန်းထားပါတယ်။
လစ်ဘရယ်ပါတီ ဦးဆောင်တဲ့ အတိုက်အခံတွေအတွက် နေရာနည်းနည်းပဲ ရှိတယ်လို့ ဆိုပါတယ်။
အောက်လွှတ်တော်နဲ့ ဒေသန္တရ အစိုးရအဖွဲ့အတွင်း နေရာ ၁ သောင်း ၈ ထောင်အတွက် မဲဆန္ဒရှင် ၆၁ သန်း လာပြီးမဲပေးဖို့ ဖိလစ်ပိုင် ရွေးကောက်ပွဲကော်မရှင်က ခန့်မှန်း မျှော်လင့်ထားပါတယ်။
2 years Ago